Unicode
မိန်းကလေးသုံးဦးသည်အတွင်တွင်ခေါင်းကိုငုံ့ထားကြပြီး အားလုံးကလဲစိတ်တွေလှုပ်ရှားကာ
ကြောက်နေကြဟန်ဖြင့်...."နင်တို့ရှာတွေ့ပြီလား.."
"မ..မတွေ့...သေးပါဘူး...သခင်မကြီး..."
"တောက်!!
မိန်းမကြီး၏ တောက်ခေါက်သံကျယ်ကြီးကြောင့်
မိန်းကလေးသုံးဦးမှာ ကြောက်လန့်ကာတုန်တတ်သွားရ
သည်အထိ။ သခင်မကြီးက သူရဲ့သားကိုဘယ်လောက်
ထိချစ်သလဲဆိုတာ သူတို့သာအသိဆုံးဖြစ်သည်....။"အဲ့ဒါတွေအကုန်လုံးက နင်တို့အသုံးမကျလို့ဖြစ်ရတာ
သိကြာလား..ဟမ်!! ကလေးတစ်ယောက်ကိုတောင် သေချာကြည့်ရှု့မစောင့်ရှောက်နိုင်ကြဘူး...တစ်ကယ်
အသုံးမကျတဲ့ဟာတွေ! ""ကျန်မတို့..မှား..မှားပါတယ်...သခင်မကြီး"
"ဟင်းး....!
သူမသည် သက်ပြင်းချကာ စိတ်ကိုလျော့ချလိုက်ရသည်
ပုံမှန်ဆိုသူမသည် ဒီလောက်ဒေါသကြီးတဲ့သူတစ်ယောက်
မဟုတ်ပါ...."ကဲ..ထားပါတော့...သွားကြတော့ ငါ့သားလေးကိုသာ
တွေ့အောင်ဆက်ရှာကြ""ဟုတ်ကဲ့ပါ သခင်မကြီး"
ထို့နောက် မိန်းကလေးသုံးဦးက သူ့မအားအရိုသေပြုကာ
ထွက်သွားကြတော့သည်။အဲ့ဒီနောက်မှာတော့ သူမသည်လဲ ဝမ်းနည်းလွမ်းဆွတ်
စိတ်ကြောင့် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ ငိုမိတော့သည်..။ခနကြာတော့ သူမ၏ခင်ပွန်းသည် သူမအနားသို့ရောက်
လာကာ ပွေ့ဖက်နှစ်သိမ့်ပေးလာ၏...။"မိန်းမရယ်စိတ်ကိုလျော့ထားပါ....အားလုံးအဆင်ပြေ
သွားပါလိမ့်မယ်...""အဟင့်! မရဘူးဖေကြီးရယ်..ကျွန်မတို့သားလေးက
ပျောက်သွားတာတစ်နှစ်ကျော်တောင်ရှိနေပြီ...ကျွန်မက
ဘယ်လိုလုပ်စိတ်အေးနိုင်မှာလဲရှင်..""ကိုယ်တို့သားလေးကိုသေချာပေါက်ပြန်ရှာတွေ့မှာပါကွာ အဲ့ဒါကြောင့်..အရမ်းကြီးစိတ်ပူမနေပါနဲ့..."
ခင်ပွန်းဖြစ်သူမှာလဲ သူ့ရဲ့မိန်းမကိုအရမ်းကြီးစိတ်မပူ
စေချင်လို့ နှစ်သိမ့်နေရပေမဲ့ သူကိုယ်တိုင်လဲအရမ်းကို
ဝမ်းနည်းနေရသည်။
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄