Unicode
"ပေါက်စ!!
"ဟီး..ကိုကို"
"ဘာကို ကိုကိုလဲ! ခုမှလာဖြဲပြမနေနဲ့! အဲ့ဒါဘာလုပ်
နေတာလဲ ဟမ်!..""ဆော့နေတာလေ.."
"ဘာ! ဆော့နေတာဟုတ်လား! မင်းမှာဆော့စရာ
အဲ့လောက်တောင်ရှားနေသလားဟမ်! ပေးစမ်းအဲ့ဒီ
ကတ်ကြေး!"မနက်မိုးလင်းတာနဲ့ ပေါက်စတို့ကရှောင်းကျန့်ကို
အကုသိုလ်တွေပေးပြီ။ မိုးလင်တာနဲ့အော်ရတာပဲ။ထူးထူးဆန်းဆန်းခါတိုင်းသူ့နောက်မှအမြဲထလေ့ရှိတဲ့
ဒီဟာလေးက ဒီနေ့ကျမှဘာလို့အစောကြီးနိုးနေရတာလဲ?နောက်ပြီးနိုးနေပြန်တော့လဲ အေးဆေးမနေပဲ
ဆော့စရာရှားလို့ ရှောင်းကျန့်ရဲ့အင်္ကျီတွေကိုကတ်ကြေး
နဲ့ညှပ်ဆော့နေသတဲ့!"ဟွန့် ကိုကိုကလည်း! ကိုကိုမနိုးသေးလို့ပေါက်စက
ပျင်းလို့ဆော့နေတဲ့ဟာကို ဘာလို့လာအော်နေတာလဲ""အော်ရမှာပေါ့! မင်းဆော့တဲ့ပုံစံကိုလဲကြည့်ဦး..
အင်္ကျီကိုညှပ်ဖြတ်ပြီးဆော့နေတာလေ..အဲ့ဒါကိုငါက
မအော်လို့ ဒီအတိုင်းကြည့်နေရမှာလား..""ကြည့်ပေါ့.."
"ဘာ!ပေါက်စ!!
ဒီဟာလေးသူ့ကိုတစ်ခွန်းမကျန်ပြန်ပြောနေတာ
သိပ်တော့မဟုတ်သေးဘူး။"ဘာလို့လာအော်နေတာလဲလို့"
"မင်းကငါ့ကိုခံပြောနေတာလေ"
"ဘယ်မှာပြောနေလို့လဲ?
"အေး! အဲ့ဒါကိုကခံပြောနေတာပဲမဟုတ်ဘူးလား"
"မဟုတ်ဘူး"
အင်းး...စိတ်လျော့ စိတ်လျော့....
"အခုလောလောဆယ် မင်းကိုယ့်အင်္ကျီကိုညှပ်နေတာကို
ရပ်ပြီးတော့ လက်ထဲကကတ်ကြေးကိုချလိုက်တော့""မချပါဘူး"
ဟားး....ပေါက်စတို့ကတော့ ရှောင်းကျန့်ကို
လာဆွနေတာပဲ။"ပေါက်စ မင်းလက်ထဲကကတ်ကြေးကိုချမလား?
ကိုယ်မင်းကိုလာချရမလား?"ကိုကိုလာချ.."
"ဘာပြောတယ်!!
မဟုတ်ဘူး! ဒီကလေးကတစ်ကယ်ပဲသူ့ကိုမကြောက်
တာလား? ဒါမှမဟုတ်မသိတာလား?
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄