Unicode
"ကျေနပ်ပြီလား...?
သူမေးလိုက်တော့ ပေါက်စက ရှောင်းကျန့်ရဲ့ရင်ဘက်ကို
သူ့မျက်နှာဖြင့် တစ်ချက်ပွတ်ဆွဲလိုက်ပြီး သူ့ပေါ်မှ
ဖယ်ခွာသွားလေသည်......။သူ့ကိုယ်ပေါ်မှထသွားပြီးသည်နှင့် ပေါက်စက တစ်ဖန်
စတော်ဘယ်ရီသီးတွေစီလက်လှန်းနေပြန်တာကြောင့်
ရှောင်းကျန့်မှာ လဲနေရာမှအမြန်ထကာစတော်ဘယ်ရီသီး
တွေစီလှမ်းနေသော ပေါက်စရဲ့လက်တို့ကို လှမ်းရိုက်
လိုက်သည်။"ဘာလုပ်ပြန်တာလဲ"
ပေါက်စက ရှောင်းကျန့်ရိုက်လိုက်သော သူ၏လက်လေး
အား ပွတ်ကာ ငိုမဲ့မဲ့လေးနှင့် ရှောင်းကျန့်ကို
ကြည့်လေသည်........"ရှစ်! ပေါက်စ..မင်းစားပြီးသွားပြီမလား.စားများသွားရင်
လဲမကောင်းဘူး.....ပြီးတော့ မင်း မခူးတတ်ပဲနဲ့ လိုက်ခူး
နေတာ ငါ့အပင်တွေသေသွားဦးမယ်..."" အင့်..!
ရှောင်းကျန့်သိတယ်......ဒီကလေးငိုတော့မှာ!
ထပ်ကျွေးလို့ကလဲမဖြစ်တော့....."ကျစ်..!
ရှောင်းကျန့်ခေါင်းကို တစ်ချက်နှစ်ချက်ကုတ်ကာ
အကြံထုတ်နေရသည်။"အာ...ဒီလိုလုပ်! ပေါက်စ မင်း 'စတော်ဘယ်ရီသီးစား
ချင်တယ်'လို့ ပီအောင်ပြောနိုင်ရင်ကျွေးမယ်...
ဘယ်လိုလဲ...? အဟင်း...!ရှောင်းကျန့်ကတော့ ပြောပြီးတာနဲ့ 🍓တွေစီ အာရုံ
စိုက်လိုက်သည်......သူ့နောက်က ပေါက်စကတော့ ခုထိဘာသံမျှ
ထွက်မလာသေးး........."ပြောလေ 'စ တော် ဘယ် ရီ သီး စား ချင် တယ်'လို့....
ဟဟ!.."ရှောင်းကျန့်ကတော့ အောင်နိုင်သူအပြုံးကြီးဖြင့်
🍓သီးတွေကို လက်ထဲသေချာခူးထည့်နေတော့သည်....' ဘုတ်!
" အာ့..!
ရှောင်းကျန့်မှာ🍓သီးတွေခူးနေရင် ထိပ်ကိုလာမှန်သော
မာတောင်တောင်အရာကြီးကြောင့် သူ့ငယ်ထိပ်လေး
အဖုဖုသွားပြီလို့တောင် ထင်သွားရသည်။"ရှစ်..! ဘာကြီးလဲဟ?
ရှောင်းကျန့်က မျက်လုံးတို့ကိုဟိုကြည့် ဒီကြည့်ဖြင့်
ခုနက သူ့ကိုလာမှန်သည့် အရာအား လိုက်လန်ရှာကြည့်
လိုက်သည်။
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄