Unicode
"သားဝမ်မက်မွန်သီးလေးစားပါအုံးလား."
"သားမစားချင်ဘူးမား"
သူမလဲမတက်သာတဲ့အဆုံး သက်ပြင်းသာချလိုက်မိသည်။
သူ့သားလေးသူတို့စီကိုပြန်ရောက်နေတာ သုံးရက်ခန့်
ရှိပြီဖြစ်သည်။ သားလေးကိုတွေ့လိုက်ရတော့သူမမှာ
ပျော်လွန်းလို့ မျက်ရည်မထိန်းနိုင်ဖြစ်ခဲ့ရသည်။
အဲ့နေကတိုက်တိုက်ဆိုင်ဆိုင် သူ့စိတ်ထဲမှာတစ်ခုခုခံစား
နေရသလိုဖြစ်တာကြောင့် မသင်္ကာတဲ့အဆုံးအစေခံ
တွေကို သားလေးပျောက်သွားတဲ့နေရာမှာထပ်ရှာစေခဲ့
သည်။ ကံကောင်းချင်တော့ သားငယ်လေးကိုအစေခံ
တွေပြန်ခေါ်ခဲ့တာကို သူမတွေ့လိုက်ရတာပင်...။ဒါပေမဲ့သားလေးကတော့ရောက်လာထဲကပြုံးပြုံး
ရွှင်ရွှင်မရှိလှပါပဲ အမြဲငေးမှိုင်နေတော့သည်။ ဒါပေမဲ့
မားတို့နဲ့ပြန်တွေ့ရတာသားအရမ်းဝမ်းသာတယ်ဆိုပြီး
တော့လဲ သားလေးကပြောပါသေးတယ်။"သားဝမ် မားတို့နဲ့နေရတာမပျော်ဘူးလားဟင်"
သူမမေးကြည့်မိတော့ သားငယ်လေးကမျက်နှာငယ်လေး
ဖြင့် သူမကိုဖက်တွယ်လာကာ သူမရင်ခွင်ထက်တွင်
မျက်နှာလေးအပ်ထားလေတော့သည်။ ဒီလိုအချွဲတုန်
လေးကို သူမအရမ်းလွမ်းနေခဲ့ရတာ..။"မား..."
"ဟင် ပြောလေသားလေးရဲ့"
သားငယ်လေးကဘာမှမပြောပဲတိတ်ဆိတ်နေကာ
သူမကိုပဲခပ်တင်းတင်းဖက်ထားလေသည်။"သားဝမ်..ဟိုလူသားကိုလွမ်းလို့လား.."
"ဟင်...
သူမကိုမော့ကြည့်လာတဲ့ ကလေးငယ်ရဲ့မျက်ဝန်းတွေက
အံ့ဩမှုတွေအပြည့်ဖြင့်...."မားက ဘယ်လိုလုပ်ပြီး....
"အဟင်း မားသိတာပေါ့သားလေးရဲ့"
သူမကထိုသို့ပြောတော့ သားငယ်လေးကခေါင်းကို
အောက်သို့ငုံ့ချထားရင်း.."ကိုကိုကသားကိုစိတ်ဆိုးသွားတာ.."
သူ့ဟာသူနှုတ်ခမ်းလေးဆူပြီးပြောပြီးကာမှ သူမကို
ဖြက်ခနဲပြန်မော့ကြည့်လာရင်း..
YOU ARE READING
🍓...Xiao's Werewolf Wang...🍓
WerewolfZhanyiလေးပါပဲ😁 ချစ်စရာကောင်းတဲ့ပုံစံမျိုးလေး ဖြစ်အောင်ရေးကြည့်ပါမယ်နော်😄