Chapter 1

4.3K 313 21
                                    

[ Warning!!! မနေ့က conversation ထဲမှာ မေးခဲ့တော့ အမလိုပဲ boycottထဲပါတယ်မပါဘူးဖြစ်နေကြသူတွေလည်း ရှိနေတော့ wikipediaမှာ သွားကြည့်လိုက်တော့ tencent က 2011တည်းကနေ လက်ရှိအချိန်ထိ holdoing Companyတစ်ခု ဖြစ်နေတာပါတဲ့။ conversationထဲမှာလည်း ဖြေပေးထားကြတဲ့သူတွေရှိပေမယ့် မမြင်မှာစိုးလို့ ဒီမှာပါ ထည့်ပြောတာပါ။ တခြားဆော့စရာ ဂိမ်းတွေလည်း အများကြီးရှိပါတယ်။ အဲ့တာကြောင့် boycottလုပ်ထားတဲ့ gameကို မဆော့ပါနဲ့နော်။

အမလည်း ကြိုဖတ်မထားမိတော့ မသိလိုက်ဘူးဖြစ်သွားတယ်။ descriptionလည်း တင်ပြီး etranဆီကနေ permissionမရလို့ အသည်းကွဲပြီးခါမှ မဖျက်ချင်တော့တာလည်း ပါလို့ပါ။ အားလုံးပဲ သွားမဆော့ဘူးလို့ ယုံကြည်လိုက်ပါမယ်နော်။ ပြီးတော့ အသုံးအနှုန်းတွေကို နည်းနည်းသည်းခံပေးပါလို့။ အဲ့လိုအပိုင်းမှာ PUBGခဏလေးဆော့ဖူးလို့သာ တွားသွားရင် မြွေလုပ်တယ်တို့ ဘာတို့ကိုသိတာ၊ ဗန်းစကားက သိပ်မသိလို့ မှားနေတယ်ဆို အချိန်မရွေးပြောပေးပါနော်။ အားလုံးပဲ သိုင်းကျူး ]

{Zawgyi}

•Online Datingဆို လာမရှာနဲ့၊ သဘောကောင်းမနေဘူး အချစ်နဲ့ပိုက်ဆံကို လှည့်စားပစ်မှာ•

11:30 pm.

ဟွားချန်၊ BLX E-sports ကလပ်၏ LOLဌာနခွဲ။

လေ့ကျင့်ရေးပွဲစဉ် ပြီးဆုံးသွားတဲ့နောက် ထုံးစံအတိုင်း နည်းပြတွေက တစ်ခုချင်းစီ ပြန်လိုက်စစ်ကာ ကစားသမားတွေက တိုက်ရိုက်ထုတ်လွှင့်တာ သို့မဟုတ် အချိန်တွေပေါင်းလိုက်တာ သို့မဟုတ် အရင်ကမှားခဲ့တာတွေကို အကျဉ်းချုပ်ထားတဲ့အပေါ်အခြေခံပြီး ပစ်မှတ်တွေကိုဦးတည်ကာ တစ်ယောက်ချင်းလေ့ကျင့်ရေးတွေ ဆင်းရတယ်။

သို့ပေမယ့် အခုချိန်မှာ လေ့ကျင့်ရေးခန်းထဲမှာ ရပ်နေတဲ့သူတစ်ဦးတည်းသာရှိတယ်။

ရှန့်ချောင် နားကြပ်တပ်ကာ ဂိမ်းပွဲထဲကို ဝင်ပြီးတဲ့နောက် location pageမှာ သူကအမြဲတမ်းပထမဆုံး ရွေးခြယ်ရတာဖြစ်ပြီး ရုတ်တရက်သူ့လက်ကို မြှောက်ကာ သူဦးဆုံးရွေးခြယ်ခဲ့တာကနေ jungleကို ပြောင်းပြီး ပြင်ဆင်လိုက်တယ်။

League of Legendsနာမည်ကို ပြည်တွင်းမှာ ဘာသာပြန်ဆိုထားတဲ့ LOLဆိုတာ စတင်ဖြန့်ဖြူးခဲ့ကတည်းက e-sportsအသိုင်းအဝိုင်းမှာ ကျော်ကြားခဲ့တာဖြစ်တယ်။ ထိုအရာက တစ်ဖက်ကို ကစားသမားငါးယောက်စီနဲ့ towerဖြိုရတဲ့ဂိမ်းမျိုးဖြစ်တယ်။ ​စုစုပေါင်းရွေးခြယ်စရာ အနေအထားငါးမျိုးရှိပြီး top laneအပါအဝင်၊ mid lane၊ bottom lane၊ auxiliary(အကူ)နဲ့ junglerဆိုပြီး ပါဝင်တယ်။ ကစားသမားတွေ ပူပန်ရတယ်ဆိုရင် သူတို့အတွက် သုံးစရာheroတွေ မျိုးစုံရှိပေမယ့် အမြဲလိုလို သူတို့အားသန်ရာအနေအထားတွေကိုသာ လေ့ကျင့်ကြလေ့ရှိတယ်။

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now