Chapter 9

552 118 4
                                    

{Zawgyi}

•သူက ကျွန်တော့်ကိုကြိုက်တယ်လေ•

ကျိုးတာ့ကျွေ့ခမျာ လုကျီရဲ့တုံ့ပြန်ချက်ကြောင့် ဒေါသတောင်မထွက်နိုင်တော့ဘူး။

သူ လုကျီကို လက်ညှိုးတထိုးထိုးနဲ့သာ အချိန်တော်တော်ကြာအောင် တုန်လှုပ်နေပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချကာ အချိန်မရွေးလဲကျသွားတော့မလို ရင်ဘတ်ကို တင်းနေအောင် ဆုတ်ကိုင်ထားတယ်။

ဒီအကြောင်းသိလိုက်ရတဲ့ DGပရိတ်သတ်တွေကလည်း သိပ်ပြီး ထူးမခြားနားပဲ။ လုကျီက ဒါကို Weiboပေါ်တင်လိုက်တယ်ဆိုရင်ပဲ ဇာတ်ကြောင်းတစ်ခုလုံးကို ထင်မြင်ချက်ပေးတဲ့ အင်တာနက်အသုံးပြုသူတွေ ချက်ချင်းဆိုသလို အလျှံအပယ်ထွက်ပေါ်လာပြီး အောက်မှာတော့ ပြန်စာအနည်းငယ်ပေါ်လာတယ်။

[ ????? ]

[ ငါရေသောက်တောလေဟယ် ပေသုံးထောင်လောက်တောင်န်းထွက်သွားယ်၊ နဂါးငွေ့တန်းကြီးက ဘုံကိုးပ်ကိုပိုကျလာတာလားလို့တောင် သံသယင်မိယ်၊ ခေါင်းဆောင်င်ဒီ့က်တောင် ပြောရဲသေးလား? ]

[ အင်း မျက်နှာနေဲ့ ပြောရဲတာင်းစ်ယောက်ပဲရှိယ်ခါင်းဆောင် ]

[ တစ်နှစ်တာအကောင်းဆုံးပျက်လုံး : Alphaကြီးနှစ်ယောက် ဖလစ်ကြငြ်း ]

[ ဘယ်ကျီစားတာလဲ? ဘာတွေလုပ်ခဲ့သေးလဲ? ဓားချင်းယှဉ်ပြီးတော့လား? လုပ်မ်းပါပိုပီး အသေးစိတ်လေး ငါနားထောင်နေတယ် ]

...

မှတ်ချက်ပေးတဲ့နေရာမှာ နတ်ဆိုးလေးတွေ ယောက်ယက်ခတ်နေတော့တယ်။ ကျိုးတာ့ကျွေ့တစ်ယောက် ခဏလောက် မျက်နှာကြောလိုက်နေပြီး နောက်ဆုံး ပြန်ကောင်းသွားတဲ့အခါ လုကျီကို သတိပေးသလိုပြောလိုက်တယ် "ငါ့ကို ဇယားမရှုပ်ပါနဲ့တော့! အခုကစပြီး clubက ကြေငြာချက်မထုတ်သေးမချင်း မင်း Weiboပေါ် တင်ခွင့်မပြုဘူး! ဒိုးလိုက်တော့! မဟုတ်လို့ကတော့ ဒီလအတွက် မင်းရဲ့လစာအားလုံးကို နှုတ်ပစ်မှာ... အားလုံးနှုတ်မှာနော် ကြားလား!"

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now