{Zawgyi}•ချောင်ချောင်•
'ဒေါက် ဒေါက်'
လုကျီက ရှန့်ချောင်နဲ့ BLXရဲ့ အကူကစားသမားလေးကို စနောက်နေချိန်မှာ သူ့စားပွဲကို တစ်စုံတစ်ယောက်ရဲ့လက်က လာခေါက်သလို တစ်စွန်းတစ်စကို တွေ့သွားရတယ်။ အသံလုံနားကြပ်ထဲကို တိုးဖျော့ဖျော့အသံလေး တိုးဝင်လာပြီး သူ့ကို တစ်ခုခုပြောချင်နေတာကို ယဉ်ကျေးတဲ့ပုံစံနဲ့ ပြတာဖြစ်တယ်။
သူ့နှုတ်ခမ်းပေါ်က အပြုံးက ပျောက်ကွယ်မသွားဘဲ နောက်လှည့်ကြည့်ခြင်းမရှိ ပြောလိုက်တယ် "အချိန်မရှိဘူး"
ကျိုးတာ့ကျွေ့က လည်ပင်းကို ဆန့်ကာ တုံးအတဲ့ဘဲငန်းကြီးတစ်ကောင်လိုမျိုး စမ်းတဝါးဝါးနဲ့ ကြည့်လိုက်တယ်။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုမှာ 5.3ရထားတဲ့အမြင်အာရုံနဲ့ လုကျီရဲ့IDကို မြင်လိုက်ရချိန် ရုတ်ခြည်း နောက်ပြန်ဆုတ်မိသွားတယ်။ သူ လုကျီကို စိတ်ရှုပ်ထွေးနေတဲ့အမူအယာတွေနဲ့ အထက်အောက် စုန်ဆန်ကြည့်လိုက်တယ်။
ငါးမိနစ်ခန့်ကြာသော်-
တစ်ဖက်အသင်းက အညံ့ခံလိုက်ပြန်ပြီဆိုတာကို လုကျီ ဝမ်းနည်းစွာ သိလိုက်ရတယ်။ သူ သက်ပြင်းချကာ ဒီတစ်ကြိမ် ရှန့်ချောင်ကို စကားလုံးအနည်းငယ်နဲ့ ဘယ်လိုထပ်ပြီး စနောက်ရမလဲဆိုတာကို စတင်တွေးကြည့်လိုက်တယ်။
'ဒေါက် ဒေါက် ဒေါက်!' ကျိုးတာ့ကျွေ့က အထီးကျန်ဆန်မှုကို ဆက်သည်းမခံနိုင်တော့တာကြောင့် ဒီတစ်ခေါက် လုကျီရဲ့စားပွဲထောင့်စွန်းကို ခပ်ကြမ်းကြမ်းခေါက်လိုက်တယ်။
ဒီတစ်ခေါက်မှာ သူတို့အသင်းရဲ့ခေါင်းဆောင်ဆီက ကုတ်ကပ်တဲ့အကြည့်တစ်ချက်ရလာပေမယ့် တစ်ဖက်လူရဲ့နှုတ်ခမ်းထောင့်စွန်းတွေက စိတ်မရှည်ဟန် တွန့်ချိုးနေတယ် "အဓိကပြောချင်တာကို စကားလုံးဆယ့်ငါးလုံးနဲ့ ရအောင်ချုံ့ပြော"
ကျိုးတာ့ကျွေ့ "..." သူ မနေနိုင်စွာ ကျစ်စုတ်မိတယ် "မင်းက နတ်ဆိုးလား?"
လုကျီ ပြုံးပြီး သတိပေးလိုက်တယ် "ဆယ်လုံးကျန်"
ကျိုးတာ့ကျွေ့လည်း မနေသာတော့တာကြောင့် သေလုဆဲဆဲမှာ သူ့တောင်ပံတွေ ဖြန့်ကားလိုက်တယ် "မင်းIDမှာ ဇာတ်ကြောင်းရှိလား?"
BẠN ĐANG ĐỌC
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
Ngẫu nhiênTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။