Chapter 3

912 169 3
                                    

{Zawgyi}

•အရည်အချင်းပြည့်မှီတဲ့ အရင်လူဆိုတာ ဘာလဲ?•

ညလယ်ခေါင်အချိန် ဖွင့်ထားတဲ့တံခါးပေါက်တွေကနေ တိုးဝင်လာတဲ့လေအေးတွေက အခန်းထဲရှိ ခပ်ပါးပါးအပူငွေ့နဲ့ အံကိုက်ဖြစ်လို့နေတယ်။

ရှန့်ချောင်က jungle heroကို လေ့ကျင့်နေရင်း DGဂိမ်းပွဲကို ဖွင့်ကြည့်လိုက်တယ်။ ပထမဆုံးပွဲစဉ် ဆယ့်ငါးမိနစ်အချိန်မှာ သူမတတ်သာစွာ မျက်မှောင်ကြုတ်မိသွားတယ်။

လဲ့လဲ့က ဘာကြောင့် ဒီပွဲစဉ်ကို ကြည့်ခိုင်းတယ်ဆိုတာ သူနားလည်သွားပြီ။

DGရဲ့ top laner...

သိသိသာသာကို လွဲချော်နေတာ။

အသင်းထဲမှာ လဲ့လဲ့က ရှန့်ချောင်နဲ့ ဆက်ဆံရေးအကောင်းဆုံးဖြစ်တယ်။ အခုချိန်မှာ ကလပ်ရဲ့အထက်ပိုင်းက top lanerအသစ်တစ်ယောက်ကို ခေါ်လာပြီ။ သူတို့က ရှန့်ချောင်နဲ့ တစ်ဖွဲ့လုံးပေါင်းစည်းထားတဲ့ လက်ရှိနည်းဗျူဟာတွေကို မကျေနပ်ကြောင်းလည်း သိသာနေတဲ့အတွက် လဲ့လဲ့က သူ့ကိုအပြောင်းအရွေ့လုပ်ဖို့ ဖျောင်းဖျတော့တယ်။

ရှန့်ချောင်ရဲ့ကလပ်နဲ့ စာချုပ်က နှစ်ဝက်စာကျန်သေးပြီး စာချုပ်ကိုဖြတ်သိမ်းကာ လျော်ကြေးပေးလိုက်ဖို့က မခက်လှဘူး_

အကြောင်းပြချက်က သူနောက်ထပ်တစ်အိမ် ရှာရမှာဖြစ်တယ်။

နွေဦးပွဲစဉ်မတိုင်ခင် DGနဲ့ အစမ်းပွဲစဉ်ကို ရှန့်ချောင် ပြန်တွေးမိလိုက်တယ်။ ထိုအချိန်တုန်းက ယွီဘက်က အခြေအနေအတော်လေး ကောင်းမွန်နေခဲ့တယ်။ ရောဂါတစ်ခုရှိနေပုံလည်း မရဘဲ လုပ်ဆောင်မှုမှာလည်း ဘာပြဿနာမှမရှိဘူး။

သူ videoထဲက ထွက်ကာ weiboကိုဖွင့်ပြီး ယနေ့ညပွဲစဉ်အတွက် DGရဲ့ တရားဝင်ဖြေရှင်းချက်ကို ကြည့်ချင်သွားတယ်။ ရလဒ်ကတော့ သူကြာကြာတောင် မရှာလိုက်ရဘဲ hot searchထဲမှာ သူလိုချင်တဲ့ စကားလုံးတွေကအသင့်ရှိနေတယ် :

#DGclubရဲ့တုံ့ပြန်မှု#

#DGtoplanerpneumothorax#

ရှန့်ချောင်က ရုတ်တရက်pneumothoraxဖြစ်တာနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာကို အမှတ်မထင်ရှာတွေ့သွားပြီး 'အချိန်ယူပြီးကုသနိုင်တယ်'ဆိုတာကို မြင်ပြီးနောက် မျက်လုံးတွေက ထိုနေရာမှာသာ ကပ်ငြိနေပြီး အသက်ကို ဖြေးဖြေးချင်းရှုထုတ်လိုက်တော့တယ်။

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now