Chapter 5

707 105 5
                                    

{Zawgyi}

•ဝုတ်!•

ရှန့်ချောင် စကားမပြောချင်တော့ဘူး။

ထိုအချိန်မှာပဲ သူ့ဘေးမှာရှိတဲ့ လဲ့လဲ့ဆီက ရုတ်တရက် 'ကျစ်'ခနဲ စုတ်သပ်လိုက်သံထွက်ပေါ်လာတယ်။

စခရင်ပေါ်မှာရှိတဲ့ Ban hero sessionမှာ သူ့ရဲ့ADကစားသမားက လဲ့လဲ့ ကစားဖို့ပြောထားပြီးသား nannyကို banခဲ့ပြီး middleရွေးချင်တဲ့ Yasuoကိုတောင် banခဲ့သေးတယ်။

Middle lanerက ဒေါသကြီးသူတစ်ယောက်ဆိုတာ သိသာလှပြီး ချက်ချင်းဆိုသလို ဆွေးနွေးခန်းထဲမှာ ရူးသွပ်သွားတော့တယ်။

[ ????? ]

[ ငါက Yasuoကို ကိုင်မှာလေ၊ မင်း ငါ့ဟာကို banလိုက်မှတော့ ငါ့-င်ကိုဆာ့ရတော့မှာလား? ]

ရှင်းလင်းခံလိုက်ရတဲ့စာလုံးတွေနေရာမှာ သူဘာကို ပြောချင်နေတာလဲဆိုတာကို လူတိုင်း သဘောပေါက်ကြတယ်။

ADကလည်း မြန်မြန်ဆန်ဆန် စာပြန်လာတယ် : [ အဆင့်နိမ့်ကစားသမားများစုက တစ်ကောင်ကြွက်တွေလေ၊ တစ်ကောင်ကြွက်တွေက အသင်းဖော်တွေရှိဖို့ထိုက်န်ဘူး J ]

ဒီစကား ထွက်လာပြီးပြီးချင်းမှာတင် hero ရွေးခြယ်တဲ့ linkကိုဝင်နေပြီဖြစ်တဲ့ middle lanerနဲ့ ADတို့တွေ သူတို့ရဲ့ mouseကို လွှတ်ကာ မင်းနဲ့ငါကြား မင်းမိဘနဲ့ ဘိုးဘေးတွေကို နှုတ်ဆက်ကြတာပေါ့ဆိုတဲ့ ကီးဘုတ်နဲ့အပြန်အလှန်ပြောဆိုကြတဲ့ စကားတန်းကြီးတွေ စတင်တော့တယ်။ ရှန့်ချောင်က ထိုအရာကို စိုက်ကြည့်ကာ Renektonကိုသာ အသံတိတ်သူ့ရဲ့ championအဖြစ် သိမ်းလိုက်တယ်။ သူ့နောက်မှာတော့ "Oလေး မတ်တပ်ရပ်"က Lee Sinကို စက္ကန့်ပိုင်းအတွင်း ရွေးလိုက်တယ်။

လဲ့လဲ့က ပြောဆိုနေကြတဲ့ရန်ပွဲကို ခဏလောက်ကြည့်နေပြီးနောက် ဂိမ်းကို ပုံမှန်လေးဆော့နိုင်ရေး သူတို့ကို နှစ်သိမ့်ပေးရတော့တယ်။ [ အလုပ်များနေကြတဲ့ နှစ်ယောက် heroရွေးဖို့ချိန်ယူတောပဲ၊ အရင်ဆုံးရွေးတဲ့သူတွက်နာက်စ်ယောက်ကို reportထုတဲ့ရောမှာ ငါကူပေးယ် ]

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now