{Zawgyi}
•ငါမင်းကို ကတိတစ်ခု ပေးချင်တယ်•
"ပါပါးချောင်! ဒါကို ဘယ်လိုလုပ်လိုက်တာလဲ! Jayceရဲ့နောက်ကနေ တစ်ယောက်တည်းထွက်လာပြီ သတ်လိုက်တာ!"
မကြာခင် ကွင်းထဲပြန်ရောက်လာတဲ့ လောင်ဝူက channelထဲမှာ လေးစားမှုတွေပြည့်နေတဲ့လေသံနဲ့ စတင်အော်ဟစ်တော့တယ်။
လုကျီကလည်း အသက်ရှင်နေတုန်းဖြစ်ပြီး ပြုံးချိုနေတဲ့လေသံနဲ့ "အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးကဆပ်လို့ကုန်မှာ မဟုတ်ဘူး၊ ချောင်ချောင် ငါ့ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ပါ့မယ်"
စကားပြောနေတုန်းမှာ ရှန့်ချောင်က Jarvan IVကိုလည်း ဖြုတ်ချပြီး လောင်ဝူနဲ့တွဲကာ Lucianကိုပါ ရိုက်ထုတ်လိုက်တော့တယ်။ Leonaက လှည့်ပတ်ကြည့်နေပြီး သူ့ရဲ့အသင်းဖော်တွေကို ကယ်ဖို့ အခွင့်အရေးတစ်ခုတောင် ရှာမရတာကြောင့် အသေခံမနေတော့ဘဲ လှည့်ထွက်သွားတယ်။
ရှန့်ချောင်လည်း တစ်ဖက်ကမြေရိုင်းဘက်ကို monsterတွေ အမဲလိုက်ဖို့ လှည့်ထွက်သွားပြီး နားကြပ်ကနေ ပျင်းရိပျင်းတွဲလေသံနဲ့ ဖြေးဖြေးချင်း ပြောလိုက်တယ်။
"လုပ်မနေနဲ့" သူပြောလာတယ် "ကြင်နာမှုကို အငြိုးနဲ့ပြန်တုံ့ပြန်တာ မကောင်းဘူး"
တခြားအသင်းဖော်တွေက ရယ်ကုန်ကြပေမယ့် လုကျီကတော့ သူပြောတာကို ကြားပုံမပေါ်ဘူး။ သူ့နောက်က တကောက်ကောက်နေပြီး မြေရိုင်းနယ်မြေထဲက ဘာကိုမှ မထိခဲ့ဘူး။ ဒီတိုင်း ပြုံးပြုံးလေးနဲ့သာ ပြောလာတယ် :
"ချောင်ချောင် ဒီ krugတွေကို စားချင်လား?"
"ချောင်ချောင် ငါ အနီကောင်ကို မင်းအတွက် ကူစောင့်ပေးမယ်၊ မင်း အပြာကောင်ကို လက်စသတ်ပြီးရင် လာခဲ့လိုက်"
ချန်းပေါင်က ချောင်းအသာဟန့်ကာ ပြောလာတယ် "အရိပ်အမြွက်ကတော့"
ယခင်ကလုကျီရဲ့ နူးညံ့မှုတွေက ရုတ်ခြည်း အေးစက်သွားပြီး အညှာအတာမဲ့စွာ ပြောလာတယ် : "ဘာပြောချင်မှန်းတော့ နားမလည်ဘူး၊ ငါ့ဟာက ချောင်ချောင့်ဟာပဲ တခြားသူတွေ စိတ်ကြီးဝင်ပြီး မြေရိုင်းနယ်မြေထဲ ဝင်လာဖို့ စိတ်မကူးနဲ့"
![](https://img.wattpad.com/cover/284669369-288-k841791.jpg)
ESTÁS LEYENDO
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
De TodoTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။