{Zawgyi}
•ငါ့ညီအစ်ကိုက မိုက်နေရင်တောင် ငါ ဂရုမစိုက်ဘူး•
"ငါ့မျက်လုံးတွေနဲ့ အတည်ပြုလိုက်ပြီ၊ ဒါက ငါရန်သွားစလို့မရတဲ့လူမျိုးပဲ" လဲ့လဲ့ တတွတ်တွတ်ရေရွတ်ကာ ဆွေးနွေးခန်းထဲက '၀ုတ်'ဆိုတာကို စိုက်ကြည့်ပြီး တချို့သောအကြောင်းအရာကြောင့် ရှန့်ချောင်ကို သနားသလို ခံစားနေရတယ်။
သူတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ကစားပွဲအတွေ့အကြုံရဆိုရင် ဘယ်လိုမျိုး ချောက်ကြီးက ဒီလောက်ကြီးတဲ့ငှက်ကို... ဖွီ ဘယ်လိုမျိုးငှက်က ဒီလောက်ကြီးမားတဲ့ချောက်ကြီးကို မမြင်နိုင်ရတာလဲ?
သို့ပေမယ့် ဒီလောက်ထိ အားကောင်းပြီး သမာရိုးမကျတဲ့မြင်ကွင်းကို သူတစ်ကြိမ်တစ်ခါမှ မမြင်ဖူးမှန်း လဲ့လဲ့ သတိပြုမိနေတယ်။
ရှန့်ချောင်လည်း နင်သွားရပေမယ့် Lee Sinက တစ်ဖက်လူရဲ့ ကြိမ်းမောင်းတာကို ခံနေရတာတောင် သူ့ကို စနောက်နိုင်သေးတာကို တွေ့လိုက်ရတော့ ထိုလူ့ရဲ့စိတ်ပိုင်းဆိုင်ရာက ခွေးအိုကြီးတစ်ကောင်လိုမျိုး တည်ငြိမ်နေနိုင်ပြီး သူ စိတ်ပူနေစရာတကယ်မလိုမှန်း သတိပြုမိလိုက်တယ်။
ဒီလိုမျိုး ဟေးလားဝါးလားလုပ်နေတဲ့အချိန်မှာ နောက်ထပ်နှစ်ကြိမ်လောက် သတ်လိုက်တာက ပိုမကောင်းဘူးလား?
သူ ဆွေးနွေးခန်းကို မကြည့်တော့ဘဲ upper နဲ့ mid lane တွေကြားမှာ အရှေ့အနောက်လျှောက်ပြီး တာဝါကို စောင့်ကြပ်နေလိုက်တယ်။ ခုနက သူ အများကြီးသတ်ထားခဲ့ပြီးဖြစ်တာကြောင့် သူ့အတွက် ဆုလာဘ်ကလည်း ရှိနေပြီဖြစ်တယ်။ တစ်ဖက်အသင်းက Xayahနဲ့ Rakanတို့လည်း မနေသာတော့ဘဲ Vayneကို ရှင်းပြီးတာနဲ့ ရှန့်ချောင်ကို ပစ်မှတ်ထားဖို့ ပူးပေါင်းလိုက်ကြတယ်။
ရှန့်ချောင်က နှစ်ယောက်တစ်ယောက် တိုက်ရမှာကို မကြောက်ဘူးဆိုပေမယ့် Lee Sinက သူပြောတဲ့အတိုင်း လုပ်ပါ့မလားဆိုတာတော့ မသိဘူး။ ထို့နောက် ရှန့်ချောင်က လူအုပ်ရဲ့လိုက်ရိုက်တာကို ခံရတဲ့ဘယ်အချိန်မဆို သူက နီးစပ်ရာခြုံထဲကနေ ခုန်ထွက်လာတတ်တယ်။
အစကတော့ ထိုလူက သူ့ဆီကနေ တစ်ယောက်ယောက်ယူဖို့လုပ်နေတယ်လို့ ရှန့်ချောင် ထင်ခဲ့မိတယ်။ သူ Rakanကို ရှင်းဖို့ tiamatကို သုံးလိုက်တော့ Xayahကို ထွက်ပြေးခွင့်ပြုသလို ဖြစ်သွားတယ်။ သို့ပေမယ့် ရုတ်ခြည်း Lee Sinပေါ်လာပြန်ကာ ရှန့်ချောင်ရှေ့ရောက်တဲ့အထိ Xayahကို ကန်လိုက်တယ်။
BẠN ĐANG ĐỌC
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
Ngẫu nhiênTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။