{Zawgyi}
•များများစား•
ဟွားချန်ရဲ့ရာသီဥတုက တစ်နေ့ထက်တစ်နေ့ နွေးလာပြီး မေလတောင် မရောက်သေးဘူးဆိုပေမယ့် မွန်းတည့်ချိန်တွေမှာတော့ နွေရာသီလို နွေးနွေးထွေးထွေးရှိနေပြီဖြစ်တယ်။
စနေနေ့,နေ့လည်ပိုင်းမှာ လုကျီက အနက်ရောင်စွပ်ကျယ်ပေါ် ပုံစံတွေဖော်ထားတဲ့ ဂျာကင်တစ်ထည်ထပ်ဝတ်ပြီး အောက်ဆင်းလာတယ်။ တံခါးဘက်ကနေ လှည့်လိုက်တယ်ဆိုရင်ပဲ ပါဆယ်ထုတ်ဆွဲကာ သန်းဝေနေတဲ့ အာ့ဟွာကို တွေ့လိုက်ရတယ်။
"ခေါင်းဆောင်က ကျောင်းပြန်သွားမလို့လား?" အာ့ဟွာ ခပ်ပြေပြေလေးမေးလာတယ်။
လုကျီ ခေါင်းငြိတ်ပြလိုက်တယ် "အင်း"
ဒီနှစ် သူက စီနီယာနှစ်ကို ရောက်ပြီဖြစ်တာကြောင့် ဇွန်လမှာ စာတမ်းဖတ်တာနဲ့ ဘွဲ့နှင်းသဘင်တက်ရောက်ရလိမ့်မယ်။ လတ်တလော ကျောင်းမှာ ဘွဲ့အတွက် လုပ်ရိုးလုပ်စဉ်တွေ အများကြီးလုပ်နေရတယ်။ ထို့အတွက်ကြောင့် နေ့တိုင်း လေ့ကျင့်ချိန်ကို ပြင်ဆင်ရတယ်။ လုကျီ ကျိုးတာ့ကျွေ့ကို ပြောလိုက်တာနဲ့ ခွင့်ယူလို့ရတယ်။
ဒီနေ့ သူ့ရဲ့ကျူတာကို နောက်ဆုံးမူကြမ်းစာရွက် လွှဲပေးရမှာဖြစ်ပြီး လမ်းမှာ လေဆိပ်ကနေ တစ်စုံတစ်ယောက်ကို ကြိုရမှာဖြစ်တယ်။
အာ့ဟွာ ခေါင်းငြိတ်လိုက်ပြီး သူဖြတ်သွားတဲ့အချိန်မှာ တစ်စုံတစ်ရာကို မှတ်မိသွားပြန်တယ်။ သူ လုကျီရဲ့အမူအယာကို စူးစမ်းကာ တွန့်ဆုတ်ဆုတ်နဲ့ ပြောလာတယ် :
"ဒါနဲ့ ရှန့်ချောင်က... ကြည့်ရတာ ဒီနေ့ ရောက်လာမယ့်ပုံပဲ"
DGနဲ့ BLXကြားမှာ များစွာသော အလျှော့အတင်းတွေဖြစ်ပြီးနောက် BLXက အသင့်ဆုံးနှုန်းကို ရလိုက်တာကြောင့် သဘာဝကျကျပဲ လူကို လွှတ်ပေးလာတယ်။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက ကျိုးတာ့ကျွေ့က လူတွေကို လေ့ကျင့်ရေးအခန်းက စားပွဲခုံတွေ နောက်ပြီး အတွင်းရော အပြင်ပါ ရှင်းခိုင်းခဲ့တယ်။ ဒီနေ့ ရှန့်ချောင် သူ့ပစ္စည်းတွေနဲ့ ရောက်လာမှာရယ် တရားဝင်ကြေညာချက်ထုတ်ပြန်ရန်အတွက် ပြင်ဆင်ဖို့ရယ်ကိုသာ စောင့်ရတော့မယ်။
YOU ARE READING
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
RandomTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။