Chapter 15

698 107 4
                                    


{Zawgyi}

•ငါ မင်းကို လွမ်းနေတာ•

လုကျီ လေယာဉ်ပေါ်ကဆင်းပြီး အိမ်ကို တက်စီငှားတဲ့အချိန်မှာ တော်တော်လေးတောင် ညမိုးချုပ်နေပြီဖြစ်တယ်။

လုမိသားစုရဲ့အိမ်အဟောင်းက တချိန်ကယွမ်မြို့တော်ရဲ့ အဖြစ်ထွန်းဆုံးနယ်မြေမှာ တည်ရှိတယ်။ တောင်ရဲ့တစ်ဝက်လောက်က ကြွေပန်းတို့ရဲ့ပြည့်နေတယ်။ အခုက ဧပြီလအကုန်ပိုင်းမှာ ရောက်နေ​ပြီ။ ကြွေပန်းတွေ တစ်ခဲနက်ပွင့်ရမယ့် ရာသီမဟုတ်ပေမယ့် သစ်ကိုင်းတွေပေါ်မှာ အရောင်ဖျော့ဖျော့လေးတွေကို မြင်နိုင်သေးတယ်။ လမ်းနှစ်ဖက်စလုံးမှာ အရောင်အသွေးစုံစွာ ဟိုတစ်စုဒီတစ်စုနဲ့ တိတ်ဆိတ်တဲ့ညမှာ ပန်းနံ့ဖျော့ဖျော့လေးတွေက ရစ်ဝဲနေတယ်။

အိမ်က အိမ်တော်ထိန်းကို ကြိုပြီးအကြောင်းကြားထားတဲ့အတွက် လုကျီ လုံခြုံရေးဂိတ်ကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်ခဲ့တယ်။ အိမ်တံခါးဆီ လျှောက်သွားချိန်မှာ အပေါ်ကို မော့ကြည့်လိုက်တော့ ပထမထပ်ရဲ့ပြတင်းပေါက်ကနေ အလင်းရောင်ကို မြင်လိုက်ရတယ်။

လုကျီ ဒါကို သိပ်ပြီးတွေးမနေဘူး။ ဒါက နာနီသူ့အတွက် မီးအိမ်ထွန်းပေးခဲ့တာလို့ပဲ ထင်ခဲ့တယ်။ သူ့ရဲ့လက်ဗွေရာနဲ့ lockဖွင့်ပြီးနောက် ဖိနပ်လဲကာ ဟောခန်းထဲ လျှောက်လာလိုက်တယ်_

အဲ့တော့မှ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်က ပုံရိပ်ကို သတိထားမိသွားတယ်။

ချုံဆန်း(ချီပေါင်းသား)ပေါ်မှာ ပိုးသားနဲ့ ပန်းထိုးထားပြီး အစိမ်းပုပ်ရောင် ပဝါခြုံထားတဲ့ အမျိုးသမီးတစ်ယောက်၊ သူ့ရဲ့လှပကာ ရင့်ကျက်တဲ့မျက်နှာမှာ နှစ်လိုဖွယ်ကောင်းတဲ့ မိတ်ကပ်ကို ခြယ်သထားပေမယ့် မျက်ခုံးတွေကြားမှာတော့ သနားစဖွယ် ညှိုးငယ်မှုတစ်ခု ရှိနေတာကြောင့် လူတွေကို အကြည့်မလွှဲနိုင်ဖြစ်စေတယ်။

လုကျီ ရပ်လိုက်ပြီး သူ့ဘက်က သိမ်မွေ့စွာ မေးလာတာကို နားထောင်လိုက်တယ် "ရှောင်ကျီ ပြန်လာပြီလား?"

သူ့မျက်နှာပေါ်မှာ ရှိနေကျအပြုံးက ပျောက်ကွယ်သွားပြီး သူ့မျက်လုံးတွေက ရှေ့ကိုသာ အသာကြည့်နေပြီး ခေါင်းငြိတ်လာတယ် "မား"

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now