{Zawgyi}•တဂျစ်ဂျစ်နဲ့ လူတွေရဲ့နားတွေကို ယားကျိကျိဖြစ်စေခြင်း•
သူက 'ဦးနှောက်မကောင်းတဲ့လူ'အဖြစ် ခေါင်းစဉ်တပ်ခံလိုက်ရပြီဆိုတာကို ရှန့်လျောင်မသိခဲ့ဘူး။ Canyon Vanguardကို တိုက်ပြီးပြီးချင်း သူ့skillတွေနဲ့ ထင်းပြီးထွက်နေတော့တယ်။ ကျသွားတဲ့ Vanguardနေရာမှာ Lovelanက နေရာဝင်ယူလာတယ်။
ရှန့်ချောင်က အလေးအနက်ကြီးလုပ်မနေဘူး။ သူ့ရဲ့ heroတွေနဲ့ angelတွေ လမ်းကြောင်းပေါ်မှာ တိုးတက်လာနေပြီဆိုတာကိုမြင်တော့ နှစ်ခါလောက် ကူဖမ်းပေးပြီး အထောက်အပံ့ပေးဖို့ရာ ငွေစိုက်ထည့်ပေးလိုက်တယ်။ ရလဒ်ကတော့ LeBlancက ကုန်းမြေပေါ်မှာ ထပ်ခါတလဲလဲ ရှုံးနေရပြီး တစ်ဖက်က မှော်အစွမ်းကိုတောင့်ခံရင်းဆော့တဲ့ သွေးအပြည့် mid landerကို မနိုင်နိုင်ဘူး ဖြစ်နေရတယ်။ လမ်းပေါ်မှာ တိုးတက်နိုင်တဲ့အခွင့်ကောင်းတစ်ခုကို တွေ့သွားတဲ့အခါ ချက်ချင်းဆိုသလို ခေါင်းပွတ်နိုင်ဖို့ အနောက်ကနေ ချက်ချင်းလိုက်တော့တယ်။
သုံးယောက်သား ဒုတိယtowerအထိ သွားလိုက်ကြတယ်။
ဆန့်ကျင်ဘက်အသင်းရဲ့junglerက တိုက်ပွဲလမ်းကြောင်းမှာ အခွင့်အရေးတစ်ခုတောင် ရှာမရတာကြောင့် towerကို စောင့်ကြပ်ဖို့ သွားလိုက်ချင်ပေမယ့် ရှန့်ချောင်က towerဆီကို လျှပ်တပြက်သွားကာ Angelနဲ့ LeBlancရှေ့မှာတင် ကန်ထုတ်လိုက်တဲ့အတွက် အလောင်းကောင်မှာ ကြာကြာလေးတောင် မရုန်းကန်လိုက်ရဘူး။
[ towerထဲ ဖျတ်ခနဲ ဝင်သွားတာကြီးက တကယ်ကိုပဲ ]
[ ကြည့်ရတာတော့ အသစ်လေးကို ဖေကြီးလို့ ခေါ်တဲ့ကောလဟလက မှန်နေပုံပဲ၊ ဝံပုလွေပေါက်က ကြမ်းလိုက်တာနော် ပြီးတော့ တောထဲမှာ ဝင်ပြီးလျှာရှည်နေတယ် ]
[ Uuuu တောကြီးမြက်မည်းထဲက ဝံပုလွေပေါက်တွေကလည်း အားကြီးလွန်းတယ်လို့! Webmasterက သေပြီလား? Sunspot forbidden package ကို ပေးဖို့တောင် ထွက်မလာဘူး! ]
[ Heizi ဒါကို reportကျွေးလိုက် ]
ရှန့်ချောင် ဂိမ်းထဲကို ဝင်လိုက်ပြီးနောက် ရေကာတာကြီးကို ကြည့်မနေတော့ဘူး။ သူ မြေပုံကိုကြည့်လိုက် leBlancကို အချက်ပြလိုက်နဲ့ Canyon Vanguardက သူ့ခန္ဓာကိုယ်ပေါ်မှာ စက္ကန့်ကိုးဆယ်လောက်သာ ကျန်တော့ကြောင်း အချက်ပြပြီး towerကို ဖြိုဖို့အတွက် အမြန်သွားလိုက်တယ်။
YOU ARE READING
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
RandomTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။