{Zawgyi}•ငါကမင်းကို ထာဝရအမှတ်အသားလုပ်ချင်တာ•
ရှန့်ချောင်အသံထွက်လာတာနဲ့ လုကျီရဲ့မျက်လုံးတွေက သူ့လည်တိုင်နားကို ဝေ့ဝဲသွားတယ်။
နှစ်ယောက်စလုံးက Alphaတွေဖြစ်ကြတယ်ဆိုပေမယ့် ရှန့်ချောင်ရဲ့ခန္ဓာကိုယ်အချိုးအစားက တခြားAlphaတွေထက် ပိုပြီးခြိမ်းခြောက်နိုင်လောက်စရာရှိတယ်။ သူ့ရဲ့အားလပ်ချိန်မှာ ရေကူးရတာကို သဘောကျတာကြောင့် သူ့ခန္ဓာကိုယ်ကို ကောင်းကောင်းလေ့ကျင့်ပေးထားသလို ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်တယ် _
ပုခုံးနဲ့ လည်တိုင်ပေါ်က ကြွက်သားတွေက ချောမွတ်နေပြီး အောက်မှာဖုံးကွယ်ထားတဲ့ အင်အားတွေကို မသိမသာလေးမြင်နိုင်တယ်။ တအားကို နီးကပ်နေတာကြောင့် သူ့ရဲ့ကွဲပြားလှတဲ့ ညှပ်ရိုးအောက်ခြေရှိအရေပြားမှာ အားကောင်းနဲ့သွေးခုန်နှုန်းကိုတောင် မြင်နိုင်တယ်။
အားမာန်အပြည့်နဲ့ တက်ကြွစွာ တစ်ချက်ပြီးတစ်ချက် ခုန်နေတယ်။
တစ်ဖက်လူရဲ့ မတည်ငြိမ်တဲ့pheromoneကြောင့် ရံဖန်ရံခါ သိပ်သည်းကာ ရံဖန်ရံခါမှာတော့ ခပ်ဖျော့ဖျော့ပူရှိန်းနံ့လေးရတတ်တယ်။ ဒါက ဆွပေးနေသလိုပဲ။
ရှန့်ချောင်က ပင်ကိုစရိုက်အရရော ပုံပန်းသွင်ပြင်အရပါ အားမာန်အပြည့်နဲ့ ဝံပုလွေတစ်ကောင်ပုံပေါ်တယ်။
ပြီးပြည့်စုံမှုက လုကျီရဲ့ဆန္ဒကို သိမ်းပိုက်ဖို့အတွက် စနက်တံဖြုတ်ပေးလိုက်သလိုပဲ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က လမ်းမကြီးရဲ့ဘေး လမ်းကြားထဲမှာ ရှန့်ချောင်ကို ဖိထားပြီး ဂုတ်ပိုးကို ကိုက်ခဲ့တဲ့မြင်ကွင်းကို လုကျီ အလွယ်တကူ ပြန်သတိရသွားတယ်။
အုံ့မှိုင်းကာ မိုးသည်းတဲ့နေ့တစ်နေ့မှာ မိုးသီးမိုးပေါက်တို့က မြို့တော်ရဲ့နေရာတိုင်းကို ကျဆင်းနေပြီး ရှန့်ချောင်ရဲ့ အနည်းငယ်ရှုပ်ပွနေတဲ့ ဆံပင်တိုတိုတွေကိုပါ စိုစွတ်သွားစေတယ်။ သူ့ရဲ့လက်ငါးချောင်းလုံးကလည်း အိုဟောင်းနေတဲ့ အုတ်နံရံရဲ့ကွဲကြောင်းတွေကို ဆုပ်ကိုင်ထားပြီး နှင်းတမျှဖြူဖွေးတဲ့ ဂုတ်ပိုးကိုသာ ပြသထားတယ်။ လုကျီ ကိုက်ချလိုက်ချိန်မှာ လည်ချောင်းထဲက ဗလုံးဗထွေးညည်းသံတစ်ချက်ကို အတိုင်းသား ကြားလိုက်ရတယ်။
YOU ARE READING
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
RandomTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။