Chapter - 17

942 81 4
                                    


{Zawgyi}

•ရှာလကာရည် အိုးလိုက်မှောက်ကျ•

"အနံ့လေးက ကောင်းလိုက်တာ၊ မီးဖိုချောင်မှာ အဲ့တာကို အခမဲ့မြည်းစမ်းကြည့်ပေးဖို့ လိုသေးလား?"

အပေါ်ထပ်မှာ ရှိနေတဲ့ချန်းပေါင်က ဆေးကြောသန့်စင်ပြီး ဒုတိယထပ်ကို ဆင်းလာတယ်။ ကြက်သားနံ့ရလိုက်ချိန်မှာ သူ့အစာအိမ်က သူ့ရဲ့တုံ့ပြန်မှုထက်တောင်မှ မြန်ဆန်စွာ အချက်ပေးသံတွေ ပြလာတော့တယ်။ သူ လက်ရမ်းကိုကိုင်ကာ အောက်ထပ်ဆီကို ခေါင်းပြူကြည့်လိုက်တယ်။

မှာယူထားတဲ့စားစရာတွေသယ်ပြီး လျှောက်ဝင်လာတဲ့ လောင်ဝူက သူ့ကို သနားတဲ့အကြည့်လေးတစ်ချက်ပေးကာ ကြင်ကြင်နာနာနဲ့ နှစ်သိမ့်လိုက်တယ်။

"မျှော်လင့်မနေနဲ့ ငါတို့နဲ့ အဲ့တာက မထိုက်တန်ဘူး"

ချန်းပေါင် စဉ်းစားသွားရတယ် "ဘာလို့လဲ? ဌာနချုပ်မှာရှိတဲ့ အန်တီကြီးတွေအားလုံးက ကြင်နာတတ်တာပဲကို၊ ငါ့လိုမျိုး ချစ်စရာကောင်းတဲ့သူလေးကို သူတို့တွေ မငြင်းရက်ပါဘူး"

လောင်ဝူလည်း ဝတ်ကျေတမ်းကျေပြန်ပြုံးကာ "ဒါပေမယ့် အဲ့တာကလည်း ချက်ပြုတ်ပေးတဲ့ အန်တီကြီးတွေမှလေ၊ ခပ်ညံ့ညံ့ခွေးအိုတစ်ကောင်ဆို ဘယ်ရမလဲ"

ချန်းပေါင် "..."

သူ ဘာပြောရမှန်း မသိဖြစ်သွားတယ်။ တစ်စုံတစ်ယောက်က လင်ဗန်းတစ်ချပ်ကိုင်ကာ လှေကားကနေ တက်လာတယ်။ ရှည်မြောမြောပုံရိပ်တစ်ခု ဖြေးဖြေးချင်း နီးကပ်လာတယ်။ ချန်းပေါင် ခေါင်းလေးထောင်ကာ အငွေ့တထောင်းထောင်းထနေတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ နီရဲရဲစွပ်ပြုတ်ကို မြင်သွားတယ်။ လတ်ဆတ်နူးညံ့တဲ့ကြက်သားနဲ့ ကျောက်သလင်းလိုကြည်လင်နေတဲ့ ခပ်မောက်မောက်ထမင်းတို့ကြောက် မတတ်သာစွာ သက်ပြင်းချမိလိုက်တယ်။

"ဝေါင်း ခေါင်းဆောင် ဒီဟင်းပွဲတွေနေရာချဖို့အတွက် ငါလုပ်ပေး _"

ချန်းပေါင်က ပြောရင်း လုကျီရဲ့ညစာပန်းကန်ကို ယူဖို့ လက်မြှောက်လိုက်ပေမယ့် သူ့ဆီက အလေးမထားဟန်အကြည့်တစ်ချက် ရလိုက်တယ်။ အသံတိတ် ခြိမ်းခြောက်လိုက်သလိုမျိုး လေထဲမှာ သစ်ကတိုးနဲ့က ရုတ်ခြည်းအားကောင်းလာတယ်။

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now