{Zawgyi}
•ငါ့လက်တွေနဲ့ မင်းကို နာကျင်အောင်လုပ်ပါရစေ•
"အရည်အချင်းပြည့်မှီတဲ့ အရင်လူက သေသူလိုမျိုး နေသင့်တယ်"
သူ့ရှေ့မှာ ရှိတဲ့လူရဲ့အသံက မနေ့ညတုန်းက လုကျီ ကြားခဲ့ရတဲ့အသံနဲ့ ဆင်တူတယ်။ တစ်ခုခုပြောပါဆိုပြီး တောင်းဆိုရင်တော့ လျှပ်စီးကြောင်းအသံပါးပါးရှိမနေဘဲ အနည်းငယ်ပိုပြီးအက်ရှနေတယ်လို့ ဆိုရမယ်။
ပူရှိန်းအနံ့လေးနဲ့ပါ ပေါင်းစပ်လိုက်တော့ အေးမြမြနဲ့ ဆွဲဆောင်မှုရှိလှတယ်။
သိသိသာသာကို နားထောင်ရတာ ကန့်လန့်ကြီးဖြစ်နေပေမယ့် လုကျီကတော့ မျက်လုံးလေးတွေထဲ အပြုံးတစ်ပွင့်နဲ့ နားထောင်နေတယ်။ မသိရင် စကားလုံးချိုချိုလေးတချို့ကို နားထောင်နေရသလိုမျိုး မျက်လုံးတွေကို အနည်းငယ်မှေးကျဉ်းထားပြီး သူ့ရဲ့မျက်ဆန်အောက်ခြေမှာ အလင်းပါးပါးလေးဖြတ်သန်းသွားကာ ပိုပြီးနူးညံ့သယောင် ဖြစ်သွားစေတယ်။
သူ ရှန့်ချောင်ရှိရာဘက်ကို ထပ်မံကိုင်းညွှတ်လိုက်တယ်။
ရုတ်တရက်ဆိုသလို ဆွတ်ပျံ့ဖွယ်သစ်ကတိုးနံ့က ထူပျစ်လာပြီး ယုတ္တိမတန်စွာ ချဉ်းကပ်လာတယ်။ ရှန့်ချောင်ရဲ့ pheromoneက ထိပ်တိုက်ဆုံတာမျိုးမဟုတ်ဘဲ ခဏတွင်းချင်း နှစ်ယောက်သားရဲ့pheromoneက အချင်းချင်းထဲကို ရှောင်လွှဲမရစွာ မရိုးဖြောင့်တဲ့ပုံမျိုးနဲ့ စိမ့်ဝင်လာတော့တယ်။
ဒီအကွာအဝေးက__
နီးကပ်လွန်းတယ်။
ရုတ်ခြည်း ရှန့်ချောင် အသက်အောင့်ထားမိတော့ လုကျီရဲ့ မြန်ဆန်တဲ့ခပ်နွေးနွေးအသက်ရှုငွေ့ကို သတိပြုမိလိုက်တယ်။
လုကျီက လူကြားထဲမှာတင် လုပ်ပစ်လိုက်နိုင်တဲ့ ပုံစံမျိုးပေါ်နေတာတောင် သူကတော့ အလျှော့မပေးသေးဘဲ မျက်လုံးတွေကလည်း ပိုတောင် သရော်မှုပြုလာပြီး နှုတ်ခမ်းတွေပါ လှုပ်ရှားလာတယ်။ ရှန့်ချောင် စကားပြောတော့မယ့်အချိန်မှာတင် လုကျီက ပြုံးစစနဲ့ မေးလာတယ် "ဟုတ်လား?"
လုကျီ ဖြေးဖြေးချင်း ပြောလိုက်တယ် "ဖြစ်နိုင်တာတော့ ငါ့ရဲ့အခေါင်းအဖုံးက မဖိထားလို့ဖြစ်မှာပေါ့ ဟုတ်တယ်မှတ်လား?"
YOU ARE READING
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
RandomTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။