{Zawgyi}•ချောင်ချောင် မင်းငါ့ကို ဘာလို့ မနှစ်သိမ့်တာလဲ?•
လုကျီရဲ့ 'ချစ်ခင်တွယ်တာမှု'ကြောင့် ရှန့်ချောင် လန့်ဖြန့်သွားရပြီး ချက်ချင်းဆိုသလို သူ့ရှေ့မှာရှိနေတဲ့လူကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ဘယ်လိုမကောင်းတဲ့ရေပုပ်တွေကို လျှိုထားဖို့ကြိုးစားနေတာလဲဆိုပြီး တွေးနေမိတယ်။
အနီးနားမှာရှိတဲ့ ကျိုးတာ့ကျွေ့က ဒါကိုကြားလိုက်ရချိန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။
"လု... လုခေါင်းဆောင်၊ ဘယ်လိုတောင် လုပ်လိုက်တာလဲ?" သူက လုကျီနဲ့ ရှန့်ချောင်ကြားမှာ ကို့ရို့ကားယားနိုင်စွာ ကြည့်နေပြီးမှ ရှန့်ချောင်လည်း စိတ်ရှုပ်ထွေးနေတယ်ဆိုတာကို တွေ့လိုက်ရတယ်။
ရုတ်တရက် ကျိုးတာ့ကျွေ့က ဝိဉာဉ်ပြန်ကပ်သွားသလိုမျိုး သူ့နှဖူးသူရိုက်ကာ တစ်စုံတစ်ရာကို သိသွားတဲ့အတိုင်း လုကျီရှိရာကို ခြေနှစ်လှမ်းစာလျှောက်သွားလိုက်တယ်။ တိုးဖွဖွအသံနဲ့ မေးလိုက်တယ် :
"လု၊ မင်း အဲ့တာ... လတိုင်းရက်ပိုင်းလောက် ဖြစ်တဲ့ဟာလား?"
လုကျီ : "..." လတိုင်းရက်ပိုင်းလောက်ဖြစ်တာ...
လုကျီ မပြောနိုင်သေးခင် ကျိုးတာ့ကျွေ့က မျက်ခုံးတွေပင့်ကာ ရှန့်ချောင်ကို ကျောပေးပြီး အသံကို ထပ်တိုးလိုက်တယ်။ လုကျီကို သူငယ်ချင်းကောင်းတစ်ယောက်လိုမျိုး အားတက်သရောပုံစံနဲ့ ပြောလာတယ် : "ငါသိပြီ ငါနားလည်လိုက်ပြီ"
"မြေအက်ကြောင်းထဲမှာ ဘာအချစ်ပန်းလေးတွေမှ မရှိဘူး၊ နေ့တိုင်းလည်း စာနာစိတ်မရှိတဲ့ Alphaအသင်းသားတွေနဲ့ချည်းပဲ အချိန်ကုန်နေရတာ... မင်းလို Alphaတစ်ယောက်အတွက် သူ့အချိန်ရောက်လာပြီဆိုရင် တစ်စုံတစ်ယောက်ကို အားတက်သရော ရှာချင်တယ်ဆိုတာ သဘာဝပဲလေ၊ ငါ နားလည်ပေးနိုင်ပါတယ်_"
ဒီလိုပြောပြီးနောက် ကျိုးတာ့ကျွေ့က တမင်ရပ်လိုက်ကာ သူ့နှုတ်ခမ်းတွေကို ရိုက်လိုက်တယ်။ သူက သူ့ရဲ့အသံတိုးတိုးကို ထိန်းချုပ်ဖို့ကြိုးစားပြီး ဆက်ပြောလိုက်တယ် :
![](https://img.wattpad.com/cover/284669369-288-k841791.jpg)
VOUS LISEZ
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
AléatoireTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။