Chapter 8

540 104 7
                                    

{Zawgyi}

•ကျီစားတာပါ•

လဲ့လဲ့ လေ့ကျင့်ရေးခန်းထဲမှာထိုင်ပြီး တစ်ခါသုံးတူကို ခွာကာ ကယိမ်းကတိုင်နဲ့ တူအချင်းချင်း ပွတ်နေမိတယ်။ အမှုန်လေးတွေက သူ့ဘောင်းဘီပေါ် ကျလာပေမယ့် သူ အာရုံမစိုက်အားဘူး။

စားပွဲပေါ်မှာ အငွေ့တထောင်းထောင်းနဲ့ ဖက်ထုပ်ပြုတ်တစ်ပန်းကန်ရှိနေပြီး သွားရည်ယိုချင်စရာအနံ့ဆိုပေမယ့် လဲ့လဲ့အနည်းငယ် အာရုံပျံ့နေမိတယ်။

ခုလေးတင်ပဲ ဌာနချုပ်ရဲ့အပေါက်ဝမှာ လုကျီနဲ့ စကားပြောခဲ့တာကို ပြန်တွေးလိုက်တယ်။

"ချောင်ကောက နားနေတယ်ဆိုတော့ တော်တော်ကြာတဲ့အထိ ဆင်းလာအုံးမှာမဟုတ်ဘူး၊ သူ့ကိုရှာဖို့ အလျင်လိုနေတယ်ဆိုရင် ဘာလို့ ကြိုမပြောထားရတာလဲ?" လဲ့လဲ့က ချေချေငံငံပြုံးပြပြီး သူ့စကားလုံးတွေထဲမှာ မေးမြန်းချင်တဲ့အရိပ်အယောင်တွေကို ဖုံးကွယ်ထားလိုက်တယ်။

သို့ပေမယ့် အလွန်တရာကြည့်ကောင်းတဲ့အမျိုးသားက ခေါင်းသာယမ်းပြပြီး သူ့လေသံကလည်း သိပ်ကိုနူးညံ့ကာ အတော်လေးထောက်ထားတတ်တဲ့အကြည့်မျိုးနဲ့ ကျဉ်းမြောင်းတဲ့အနက်ရောင်မျက်လုံးတွေထဲ အပြုံးလေးတစ်ပွင့် ဆင်မြန်းကာ "ရပါတယ်၊ စောင့်နေလိုက်ပါ့မယ်"

ဒီလိုဆိုပေမယ့်လည်း လုကျီခန္ဓာကိုယ်ထဲက အားကောင်းတဲ့pheromoneကတော့ သူ့ကို ဆန့်ကျင်နေပြီဖြစ်တယ်။ နက်ရှိုင်းကာ အန္တရာယ်များသလို အရောင်အဝါက ဆိတ်ငြိမ်နေတဲ့ရေကန်နက်ကြီးတစ်ခုလို ဖြစ်နေတယ်။ တစ်ချက်တည်း ကြည့်မိရုံနဲ့ မသိသာလှဘူး။ သူ အနားတိုးကပ်လာချိန်မှသာ ရှိနေလောက်တဲ့ အေးတိအေးစက်အငွေ့အသက်ကို သတိပြုမိမှာဖြစ်တယ်။ ပုံစံတူကို ပြောရမယ်ဆိုရင် မျက်နှာပေါ်မှာရှိနေတဲ့ နူးညံ့မှုနဲ့ လှပမှုက ပုံရိပ်ယောင်သက်သက်လိုပဲ။

လုကျီဆိုတာကိုကြားတိုင်း ရှန့်ချောင်ရဲ့တုံ့ပြန်မှုကို လဲ့လဲ့ပြန်သတိရသွားပြန်တယ်။ သူ့ရဲ့နှလုံးသားအောက်ခြေထဲကနေ လုကျီကို ဒီလိုမျိုးစောင့်ခိုင်းတာ မသင့်တော်ဘူးလို့ ခံစားမိနေတယ်။ ရုတ်တရက်ဆိုသလို သူ့တူကို စားပွဲပေါ်ရိုက်ချကာ အပေါ်ထပ်ကိုတက်ဖို့ လေ့ကျင့်ရေးအခန်းထဲက ထွက်လိုက်တယ်။

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now