Chapter 13

575 94 3
                                    

{Zawgyi}

•ငါလာပြီ•

လုကျီရဲ့လှုပ်ရှားမှုတွေက ရုတ်တရက်ဆန်လွန်းတာကြောင့် ရှန့်ချောင် ခဏလောက် ကြောင်အသွားပြီး သူ့မျက်နှာကလည်း လုကျီရဲ့ပုခုံးပေါ်က အကျီစနဲ့ ဖိကပ်မိနေတယ်။

တစ်ဖက်လူရဲ့အနည်းငယ်မြင့်တဲ့ကိုယ်အပူချိန်က အကျီထဲက ဖြတ်ထွက်နေပြီး ရှန့်ချောင်ရဲ့နှာခေါင်းထဲ pheromoneနံ့က လျင်မြန်စွာ တိုးဝင်လာတယ်။

သူ ပြန်သတိဝင်လာချိန်မှာ လုကျီရဲ့လက်ချောင်းထိပ်က လှုပ်ရှားမှုတွေက သူ့ရဲ့ဦးရေပြားကို ကျော်လွန်သွားပြီး ခေါင်းကိုတောင် ဖွဖွလေး ပုတ်ကာ ဂရုစိုက်ပြီးရိုးရှင်းဟန်ပေါ်တဲ့ ရန်စသလိုစကားနှစ်ခွန်းကို ပြောသွားတယ်။

"ဘာလို့ ဆေးလိပ်သောက်မှာလဲ?"

"ငါ့အနံ့က ပိုပြီးစွဲလန်းစရာ မကောင်းဘူးလား?"

ဒီစကားနှစ်ခွန်း ကြားလိုက်ရချိန်မှာ သူဘယ်လိုခံစားလိုက်ရလဲဆိုတာတောင် ရှန့်ချောင်မပြောနိုင်ဖြစ်သွားတယ်။ သတိပြန်ဝင်လာပြီးနောက်မှာ လုကျီရဲ့လက်ကို ခါထုတ်ပစ်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ မတ်မတ်ထိုင်ရင်း ထိုင်ခုံကို ပြန်ရွှေ့လိုက်တယ်။ လှုပ်ရှားမှုက ကြမ်းတမ်းလွန်းတဲ့အတွက် ထိုင်ခုံရဲ့လက်တင်တဲ့နေရာကတောင် စားပွဲထောင့်နဲ့ 'ဘန်း'ခနဲ တိုက်မိသွားတယ်။

လူတိုင်းလည်း အသံထွက်ရာဆီ အလိုလို လှမ်းကြည့်လာကြတယ်။

ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရတဲ့ တစ်ဦးတည်းသောသူ နည်းပြဖန်းက လုကျီကို အသာလှမ်းကြည့်ကာ အနည်းငယ်သတိပေးသလို လေသံနဲ့ : "တချို့သောသူများ ကစားပွဲမစခင် ကိုယ့်ရဲ့အသင်းဖော်တွေကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်တာမျိုးမလုပ်ပါနဲ့"

ချန်းပေါင်က ထိုင်ခုံအနိမ့်အမြင့်ကို ချိန်နေတာဖြစ်တယ်။ သူက နားကြပ်တပ်ပြီး မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်နေခဲ့တာကြောင့် ခုနက လုကျီ တီးတိုးပြောခဲ့တာတွေကို မကြားလိုက်ဘူး။ ရှန့်ချောင်က လုကျီဆီကို ခဏလောက်တိုးသွားခဲ့တာကိုသာ သိလိုက်ရတယ်။

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now