အသိပေးခြင်း

1.8K 81 4
                                    


ဒီေန႔ ဝမ္းနည္းေနၾကပါတယ္ဆိုမွ ထပ္ၿပီးဝမ္းနည္းစရာေကာင္းတာကို ေျပာရမယ္ဆိုရင္ေတာ့ အစ္မ 'တူညီေသာမ်ိဳးစိတ္၏ အမွတ္အသားေပးျခင္းခံရေသာAlpha' ကို ဆက္မေရးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

အဲ့တာေလးကို မႀကိဳက္လို႔မဟုတ္ဘူး တအားကိုႀကိဳက္ပါတယ္။ ဒါေပမယ့္ ေရးရတဲ့အပိုင္းမွာ အခက္ေတြ႕ေနလို႔ပါ။ Engtran က သူ႔ဆီကေန ဘာသာျပန္ခြင့္ကို ခြင့္မေပးထားဘူးဆိုတာ အေစာပိုင္းတည္းမွာတည္းက အစ္မေျပာျပထားၿပီးသားပါ။

အဲ့တာေၾကာင့္ ေခါင္းမာမာနဲ႔ပဲ MTLနဲ႔ jjwxc ကေန တိုက္႐ိုက္ျပန္ၾကည့္ခဲ့ပါတယ္။ အဲ့မွာတင္ တခ်ိဳ႕ေနရာေတြဆိုေပါက္တတ္ကရေတြခ်ည္း ျဖစ္ေတာ့တာပဲ။ ေပါက္ကရျဖစ္ေၾကာင္း သိတယ္ဆိုတာကလည္း အဲ့တာကို မျပန္ခင္Eng tran ဆီမွာ အရင္အစအဆုံး သြားဖတ္ရတယ္။ အဲ့မွာဆိုရင္ေတာ့ အမေလးဖတ္လို႔ကို ေခ်ာေမြ႕ၿပီးအဆင္ကိုေျပေနတာပဲ။ ဒါေပမယ့္ MTLဆီလည္း ေရာက္ေရာ ဟင္ ငါဖတ္ထားတုန္းက အဲ့လိုမဟုတ္ဘူးလားလို႔ဆိုတာေတြ ျဖစ္ပါေလေရာ။ အထူးသျဖင့္ နာမည္ေတြကအစ လြဲေနတာပါ။

ၾကာလာေတာ့ ကိုယ္ ဘာသာျပန္တဲ့အထဲမွာ အမွားေတြပါလာမွာကို စိုးရိမ္လာတယ္။အဓိပၸါယ္လြဲသြားတာေတြ ေပါက္ကရေရးမိတာေတြျဖစ္ကုန္ရင္ ဖတ္တဲ့လူအတြက္ေရာ၊ ေရးတဲ့လူအတြက္ေရာအဆင္မေျပေတာ့ဘူးေလ။ အဲ့တာေၾကာင့္ ဒါေလးကို ရပ္နားဖို႔ စဥ္းစားထားပါတယ္။ တကယ္လို႔ ဆက္ေရးခ်င္တဲ့သူရွိရင္အစ္မကို အခ်ိန္မေ႐ြးလာေျပာလို႔ရပါတယ္ေနာ္။ အစ္မလည္း ဆက္ေရးခ်င္ေပမယ့္ အမွားေတြပါကုန္မွာကိုစိတ္မလုံေတာ့ဘူးျဖစ္ေနလို႔ပါ။

ဒါကို ဘာသာျပန္မယ့္လူေပၚလာခဲ့ရင္ ဒါမွမဟုတ္ အသစ္ျပန္ေနတဲ့သူ ရွိတယ္ဆိုရင္ ေက်းဇူးျပဳၿပီး အစ္မကို ေျပာျပေပးပါေနာ္။ ဒါေလးကို အစ္မဖ်က္ေပးပါ့မယ္။ ၿပီးေတာ့ တကယ္ေတာင္းပန္ပါတယ္။ ေရးလက္စကိုမွ ရပ္ပစ္ခဲ့မိတဲ့အတြက္ပါ။ အစ္မ ႀကိဳးစားၾကည့္ေပမယ့္ အဆင္မေျပေတာ့တာမို႔လို႔ပါ။ တကယ္ ေတာင္းပန္ပါတယ္ရွင့္။


_____


ဒီနေ့ ဝမ်းနည်းနေကြပါတယ်ဆိုမှ ထပ်ပြီးဝမ်းနည်းစရာကောင်းတာကို ပြောရမယ်ဆိုရင်တော့ အစ်မ 'တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသောAlpha' ကို ဆက်မရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲ့တာလေးကို မကြိုက်လို့မဟုတ်ဘူး တအားကိုကြိုက်ပါတယ်။ ဒါပေမယ့် ရေးရတဲ့အပိုင်းမှာ အခက်တွေ့နေလို့ပါ။ Engtran က သူ့ဆီကနေ ဘာသာပြန်ခွင့်ကို ခွင့်မပေးထားဘူးဆိုတာ အစောပိုင်းတည်းမှာတည်းက အစ်မပြောပြထားပြီးသားပါ။

အဲ့တာကြောင့် ခေါင်းမာမာနဲ့ပဲ MTLနဲ့ jjwxc ကနေ တိုက်ရိုက်ပြန်ကြည့်ခဲ့ပါတယ်။ အဲ့မှာတင် တချို့နေရာတွေဆိုပေါက်တတ်ကရတွေချည်း ဖြစ်တော့တာပဲ။ ပေါက်ကရဖြစ်ကြောင်း သိတယ်ဆိုတာကလည်း အဲ့တာကို မပြန်ခင်Eng tran ဆီမှာ အရင်အစအဆုံး သွားဖတ်ရတယ်။ အဲ့မှာဆိုရင်တော့ အမလေးဖတ်လို့ကို ချောမွေ့ပြီးအဆင်ကိုပြေနေတာပဲ။ ဒါပေမယ့် MTLဆီလည်း ရောက်ရော ဟင် ငါဖတ်ထားတုန်းက အဲ့လိုမဟုတ်ဘူးလားလို့ဆိုတာတွေ ဖြစ်ပါလေရော။ အထူးသဖြင့် နာမည်တွေကအစ လွဲနေတာပါ။

ကြာလာတော့ ကိုယ် ဘာသာပြန်တဲ့အထဲမှာ အမှားတွေပါလာမှာကို စိုးရိမ်လာတယ်။အဓိပ္ပါယ်လွဲသွားတာတွေ ပေါက်ကရရေးမိတာတွေဖြစ်ကုန်ရင် ဖတ်တဲ့လူအတွက်ရော၊ ရေးတဲ့လူအတွက်ရောအဆင်မပြေတော့ဘူးလေ။ အဲ့တာကြောင့် ဒါလေးကို ရပ်နားဖို့ စဉ်းစားထားပါတယ်။ တကယ်လို့ ဆက်ရေးချင်တဲ့သူရှိရင်အစ်မကို အချိန်မရွေးလာပြောလို့ရပါတယ်နော်။ အစ်မလည်း ဆက်ရေးချင်ပေမယ့် အမှားတွေပါကုန်မှာကိုစိတ်မလုံတော့ဘူးဖြစ်နေလို့ပါ။

ဒါကို ဘာသာပြန်မယ့်လူပေါ်လာခဲ့ရင် ဒါမှမဟုတ် အသစ်ပြန်နေတဲ့သူ ရှိတယ်ဆိုရင် ကျေးဇူးပြုပြီး အစ်မကို ပြောပြပေးပါနော်။ ဒါလေးကို အစ်မဖျက်ပေးပါ့မယ်။ ပြီးတော့ တကယ်တောင်းပန်ပါတယ်။ ရေးလက်စကိုမှ ရပ်ပစ်ခဲ့မိတဲ့အတွက်ပါ။ အစ်မ ကြိုးစားကြည့်ပေမယ့် အဆင်မပြေတော့တာမို့လို့ပါ။ တကယ် တောင်းပန်ပါတယ်ရှင့်။

You've reached the end of published parts.

⏰ Last updated: Jul 25, 2022 ⏰

Add this story to your Library to get notified about new parts!

တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]Where stories live. Discover now