{Zawgyi}
•ငါ့ကို တကယ်ကြီး အမှတ်အသားထပ်လုပ်ချင်နေတာလား?•
ရှန့်ချောင် လက်သီးတွေကို ဆုပ်ချည်ဖြန့်ချည်လုပ်ကာ သူ့အကြည့်ကလည်း ဘယ်နေရာကိုစထိုးရင်ပိုကောင်းမလဲဆိုပြီး ချိန်ဆနေသလိုမျိုး လုကျီမျက်နှာရဲ့အစိတ်အပိုင်းတိုင်းကို ဖြတ်သန်းသွားတယ်။
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့အာ့ဟွာရဲ့ ရုတ်တရက်ထပြောသံက လုကျီကို ကယ်တင်သွားတယ်။
"Wolfy မင်း ဝင်တန်းစီမလား?"
ရှန့်ချောင်လှမ်းကြည့်လိုက်တော့ အတော်လေး ရင်းနှီးဖော်ရွေတဲ့အပြုံးနဲ့ အာ့ဟွာကို တွေ့လိုက်ရတယ်။ LPLတစ်ခွင်မှာ ဒီလူ့ရဲ့IDက အတော့်ကို စိတ်ထဲစွဲထင်စေတယ်။ သူက ဒူပေနာပေခံတဲ့ Alphaကြီးတစ်ယောက်ဆိုတာ ရှင်းနေပေမယ့် သူ့နာမည်ကတော့ FLOWERတဲ့။ သူက ထိန်းချုပ်ရခက်တဲ့ Thresh ၊ Blitzcrank နဲ့ Nautilus တို့ကို ထိန်းတဲ့နေရာမှာတော်တယ်။ ခက်ခဲလှတဲ့ အကူပိုင်းမှာဆော့ပြီး မှန်ကန်တိကျတဲ့ခန့်မှန်းချက်နဲ့ အချိတ်အဆက်တိကျနှုန်းကလည်း အတော့်ကိုမြင့်မားတယ်။
လဲ့လဲ့က သူနဲ့တိုးတာကို အမုန်းဆုံးပဲ။
ရှန့်ချောင်ခဏလောက် တွေးကြည့်ပြီး ငြင်းစရာဘာအကြောင်းမှမရှိသလို အနာဂတ်အသင်းဖော်တွေနဲ့ Canyonထဲမှာ ဘယ်လိုအနေအထားမျိုးရှိတယ်ဆိုတာကို ကြိုသိထားတာလည်း ဘာထိခိုက်မှုမှမရှိဘူးလေ။
သူ ခေါင်းငြိတ်တော့မယ့်အချိန်မှာ လုကျီက ခေါင်းလှည့်သွားပြီး (အာ့ဟွာကို)ကြည့်ကာ ခပ်ကျဉ်းကျဉ်းအနက်ရောင်မျက်လုံးတွေက ပုံမှန်အတိုင်း ပြုံးရိပ်သန်းနေဆဲဖြစ်သလို အကြည့်ကလည်း အရောင်လဲ့နေသေးတယ်။
လုကျီက ရည်ရွယ်ချက်ရှိရှိပဲလား မရည်ရွယ်ဘဲလားတော့မသိ ခြိမ်းခြောက်တဲ့ Pheromoneတွေကို ထုတ်လွှတ်နေပေမယ့် မျက်နှာပေါ်မှာတော့ ဘာသဲလွန်စမှရှိမနေဘဲ နူးညံ့တဲ့အသံနဲ့ :
"အာ့ဟွာ မင်း ဒီဆိုရိုးကို ကြားဖူးလား?"
အာ့ဟွာ "?"
လုကျီ "ကမ္ဘာပေါ်မှာ အဝေးဆုံးအကွာအဝေးက သေခြင်းနဲ့ ရှင်ခြင်းကြားက အကွာအဝေးမဟုတ်ဘူး _"
YOU ARE READING
တူညီသောမျိုးစိတ်၏ အမှတ်အသားပေးခြင်းခံရသော Alpha [ရပ်နား]
RandomTitle - When an Alpha is Marked by One of His Own Kind Author - 早更鸟 Total Chapters - 100 Chapters + 3 Extras Genre - Comedy, Slice of Life, Sports, Yaoi Myanmar Translator - Kay_Wine MTLမှ တိုက်ရိုက်ဘာသာပြန်ခြင်းဖြစ်ပါသည်။