1

1.2K 79 2
                                    

"ဒီကောင်လေးကတော့လေ
Sahiနောက် တကောက်ကောက်လိုက်တတ်တဲ့ သံလိုက်‌ လေးလိုပဲ "

ဂျပန်ရဲ့ လမ်းလေးတွေထဲက ခေါက်ဆွဲဆိုင်တစ်ခုထဲ၀င်သွားတဲ့ စက်ဘီးအပြာလေးကိုကြည့်ရင်း အဒေါ်ကြီးတစ်ယောက်ကပြောလိုက်သည် ဘေးကခင်ပွန်းဖြစ်သူ ဦးလေးကြီးက ခေါင်းတစ်ဆက်ဆက်နဲ့ ပြုံးနေသည်။လမ်းလေးက လူစည်ကားပြီး တစ်ဆိုင်နဲ့တစ်ဆိုင်နီးကပ်နေတာမို့ တစ်ယောက်လှုပ်ရှားမှုမှန်သမျှ ဘေးဆိုင်ပေါ်ကနေအကုန်မြင်နေရသည်။

Asahiဆိုတာကလည်း " 浜田朝光 " ခေါက်ဆွဲဆိုင်လေးရဲ့ တစ်ဦးတည်းသောသားလေးဖြစ်သလို....Haruto ဆိုတာကတော့ စက်ဘီးအပြာ‌ေလးနဲ့ ဆိုင်ကိုခဏခဏရောက်လာတတ်တဲ့Sahiတို့အိမ်နီးနားချင်းဖြစ်တဲ့ကောင်လေးသာ....
ငယ်စဉ်ထဲက အတူသွားအတူလာနှစ်ယောက်မို့တစ်ချို့ဆိုရင် ညီအစ်ကိုလို့တောင်ထင်ကြသည် ။

"Rutoလေး လာပြီလား?

"ဟုတ် "

မားမားHamadaက ကြို‌ဆိုတော့Rutoမျက်နှာက မှိူရသလို မျက်နှာပေးနဲ့‌ဆိုင်ထဲ၀င်လာသည်။ တကယ်ဆ်ိုပုံမှန်လဲ လာနေကျပဲ ..Sahiက တော့ ကောင်တာကနေ စာရင်းစစ်နေတာမပျက် "

" ငါ့သားလေးလာတော့ မိန်းကလေးငယ်ချောချောလေးတွေ လာတယ်တော့

"ဟုတ်တာပေါ့ Harutoလေးကလည်း ဒီလောက်ချောနေတာကိုး"

ဒါကတော့ ဆိုင်က အလုပ်ရှုပ်နေသည်ဖြစ်စေ အလုပ်ရှင်းနေသည်ဖြစ်စေ ပျော်ပျော်နေလေ့ရှိကြတဲ့ Sahi တို့ မိသားစု‌ဆိုင်လေးပင် ။ ဆိုင်ဆိုပေမယ့် သိပ်မကြီးကျယ်လှ ဂျပန်ရိုးရာပုံစံ ဖွင့်ထားပြီး လူဦးရေ အရမ်းများလက်ခံလို့မရတဲ့ ဆိုင်ကျဉ်းလေးသာ ...
ပါးပါးက ခေါက်ဆွဲလုပ်တယ် မားမားက ပစ္စည်းချပေးတယ် Sahiကတော့ ငွေကိုင်တယ်ပေါ့ ။ ဒါကလည်းသင်တန်းတွေပိတ်ထားတော့ ဆိုင်ကို၀င်ကူနေခြင်းသာ...

Harutoတို့ကတော့ မျိူးရိုးအစဉ်ဆက် companyလုပ်ငန်းတွေနဲ့နေနိုင်စားနိုင်ကြပေမယ့် Sahi အစ်ကိုတို့ကတော့ ဘိုးဘွားလက်ငုပ်လက်ရင်းဖြစ်တဲ့ ခေါက်ဆွဲဆိုင်လေးကို ရိုးရာဆိုင်ပုံစံလေး ဖွင့်ထားတာဖြစ်သည်။ဆိုင်ပိတ်ရင်တော့ Rutoတို့ အိမ်ဘေးက တိုက်ပုလေးဆီပြန်လာတတ်ကြသည် ...

Come To Me [Haruto×Asahi]Where stories live. Discover now