🔥24🔥

3.8K 381 54
                                    

Unicode;

Jeon အိမ်တော်၏ဧည့်ခန်းထဲတွင် Park Insoo, Jimin နှင့် Jeon တို့ထိုင်နေကြ၏။
Park Insoo ကသားဖြစ်သူဘယ်လိုဆက်လုပ်ဖို့စဉ်းစားထားသလဲဟုသိချင်သည်ရယ် Jeon ဆိုတဲ့ကောင်လေးဘယ်လို‌အခြေအနေရှိလဲဆိုတာသိချင်တာရယ်ကြောင့် ရောက်လာခြင်းဖြစ်သည်။

"သား ဘယ်လိုဆက်လုပ်ဖို့စဉ်းစားထားလဲ"

သားအဖချင်းနှစ်ယောက်ထဲမှမေးချင်ပေမဲ့ Jeon ကထသွားပေးမဲ့ပုံမရှိ။
စီးကရက်အားလက်ကြားညှပ်ကာ ‌ဆိုဖာပေါ်တွင် လျော့ရဲရဲထိုင်ရင်း Jimin တို့သားအဖပြောသမျှတို့အား မျက်လုံးတို့မှိတ်ချထားရင်းနားထောင်၏။
ဝတ်လိုက်သမျှရှပ်အကျီတိုင်းကိုလဲမည်သည့်အခါမှ ကြယ်သီးအစုံမတပ်။ယခုလဲယောက္ခထီးဖြစ်သူရှေ့တွင်ပင် အကျီရင်ဘတ်ဟပြဲနှင့်စီးကရက်သောက်ရင်းဖရိုဖရဲထိုင်နေပြန်၏။

Jimin မှာ ထိုအရိုင်းအစိုင်းအားကြည့်နေရင်းပင်စိတ်တိုလာရသည်။
ယဉ်ကျေးသိမ်မွေ့မှု ရိုသေလေးစားမှုဆိုတာ ဒီကောင်စာလုံးတောင်ပေါင်းတတ်ရဲ့လား။

"ဘာဆက်လုပ်ရမှာလဲဖေဖေ....ဒီအတိုင်းပဲရှေ့ဆက်မှာပေါ့"

"မဟုတ်ဘူးလေ ဖေဖေပြောတာက သားတို့လက်ထပ်ဖို့..."

"ဘာကိစ္စလက်ထပ်ရမှာလဲဖေဖေ...သူနဲ့ကျွန်တော်လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီးပြီ ကျန်တာဘာမှထပ်မလိုတော့ဘူး လုပ်စရာလဲမလိုဘူး"

သားဖြစ်သူ၏မျက်ဝန်းတို့အားကြည့်ရင်း Park Insoo တစ်ယောက် သားရဲ့စိတ်သဘောထားကိုသဘောပေါက်သွားရ၏။မထူးစိတ်ပိုက်ပြီး Jeon ကိုဘာစိတ်မှမရှိပဲလက်ခံလိုက်ရကာ Jeon နှင့်သူလက်ထပ်ထားပါသည်ဆိုတာကို လူသိမခံချင်ပုံပင်။
မိဘတစ်ယောက်အနေနှင့်တစ်ဦးတည်းသောသားလေးအား ခမ်းခမ်းနားနားလက်ထပ်ပွဲလုပ်ပေးချင်ပါလျက်နှင့် သားရဲ့စိတ်ကိုထပ်မသတ်ရက်။
ချစ်သူနဲ့ကွေကွင်းရသောဒုက္ခ မချစ်မနှစ်သက်သူနှင့်ပေါင်းဖက်ရသောဒုက္ခတွေကြား သားဖြစ်သူရဲ့မျက်နှာလေးတောင်ချောင်ကျသွားသည်။

"အင်းပါ...သား ပန်းချီဆွဲဖို့ရော"

Jimin က Jeon ကိုလှည့်ကြည့်သည်။
Jeon ကတော့မျက်လုံးတို့အားမှိတ်ချထားဆဲ။

I hate you, I love you [Complete]Where stories live. Discover now