Unicode;
နဂိုအေးသောတောင်ပေါ်မြို့လေးသည် မိုးအနည်းငယ်ထပ်ရွာထားသည်မို့ ပို၍ပင် အေးစက်နေသည်။မကြာခင်ဆောင်းရာသီကိုရောက်တော့မည်မို့ နှုတ်ဆက်မိုးသည် မြို့တွင်းသို့သူရောက်ပြီးသိပ်မကြာခင်မှာပင်ရွာချလေသည်။
အဘွားကအိမ်အတွက်လိုအပ်တဲ့ပစ္စည်းတချို့ကို သူ့အားဝယ်ခိုင်းလိုက်သည်ဖြစ်၍မြို့ထဲရောက်နေသည်မှာ မနက်ထဲကပင်။
အခုတော့ နေ့လည် 12 လောက်တော့ရှိရောပေါ့။နယ်မြို့လေးဖြစ်သည့်အပြင် ရာသီဥတုကလဲ အေးစိမ့်နေတာမို့ လမ်းမကြီးပေါ်တွင်လဲ လူသွားလူလာကျဲပါးနေကာ မိုးစက်အငွေ့အသက်များနှင့် မှုန်ဖျော့ဖျော့ခပ်မှိုင်းမှိုင်းမြို့အလှက သူ့အားဖျားယောင်းနေသည်။
ရွာထိပ် bus ကားဂိတ်သို့ရောက်သည့်အခါ အထုပ်ပေါင်းစုံဆွဲပြီး ဆင်းနေခဲ့လိုက်သည်မှာ သူတစ်ယောက်တည်း။
bus ကားပေါ်မှဆင်းဆင်းချင်း တဖွဲဖွဲကျလာသော မိုးစက်တို့ကြောင့် ဂိတ်အမိုးအကာအောက်မှာပဲ ဆက်နေနေရတော့သည်။
ဝတ်ထားသောကုတ်အကျီထဲအထုပ်မဆွဲထားသောလက်တဖက်အားနှစ်ထားရင်း ဖြူဖျော့ဖျော့ကောင်းကင်ကြီးအားမော့ကြည့်မိသည်။စိတ်နှင့်ကိုယ်မကပ်တာကြာပြီမို့ ဘယ်သွားသွားထီးမယူမိ။မိုးတွေသည်းထန်စွာရွာချလဲ ထိုမိုးရေထဲမှာပဲအဆောင်းမပါပဲလမ်းလျှောက်တတ်နေသည်မှာ အချိန်အတော်ကြာပြီ။
စိတ်တွေအနည်မထိုင်ခင်ကတော့ မိုးရွာထဲထီးမပါပဲငိုရသည်ကိုကြိုက်လို့....။
အခုတော့ စိတ်အစဥ်ကတည်ငြိမ်စပြုပြီမို့ ဟိုအရင်ကလိုမငိုဖြစ်တော့ပါချေ။ထိုသို့ဆိုတိုင်း တစ်ယောက်သောသူကိုသတိမရတော့တာမဟုတ်။
အဘွားအိမ်ရှေ့ရှိ ညို့မှိုင်းမှိုင်းစိမ်းစိုစိုတောင်တန်းကြီးကိုမြင်တိုင်း....ဟိုကောင်လေးလာလာပို့ပေးလေ့ရှိတဲ့ စတော်ဘယ်ရီတွေကိုမြင်တိုင်း သတိရစိတ်က ဒီရေလိုတက်သည်။အိမ်ထောင်ရှိပြီးဖြစ်သောလူတစ်ယောက်အား အချိန်ပြည့်လွမ်းနေသည်မှာ မကောင်းမှန်းသိပေမဲ့ ကိုယ့်အတွက်ကချစ်ဦးသူမို့ လွယ်လွယ်နဲ့မေ့မရ။
အရင်လို သတိရတိုင်းမျက်ရည်ကျတာမျိုးမရှိတော့တာကပဲ တော်ပါသေးသည်။

YOU ARE READING
I hate you, I love you [Complete]
Fanfictionစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤