Unicode;
"ဒီနေ့တော်တော်သာယာတယ်၊အေးလဲအေးတယ်"
စကားပြောသံတတွတ်တွတ်သည် ဆေးရုံအခန်းလေးထဲပျံ့လွင့်နေသည်။
တစ်ခန်းလုံးမှာလူနှစ်ယောက်ပဲရှိနေကာ
တစ်ယောက်ကကုတင်ပေါ်တွင် အပူအပင်ကင်းစွာလဲလျောင်းနေလျက် တစ်ယောက်ကတော့ ပြတင်းပေါက်လိုက်ကာတွေကိုဆွဲဖွင့်လိုက်၊စားပွဲပေါ်ကပန်းအိုးလေးထဲ ပန်းဝါဝါလေးတွေကိုထိုးစိုက်လိုက်နှင့် ကုတင်ပေါ်ကလူသားအား စကားတွေပြောနေခဲ့သည်။"ဆောင်းဝင်လာပြီလေ၊ပထမဆုံးနှင်းကျတဲ့နေ့ကျ မင်းနဲ့အတူတူသွားကြည့်ချင်တာ"
ဒဏ်ရာတွေမရှိတော့သော Jeon မျက်နှာသည် လူနာစောင့်သူ၏ယုယမှုကြောင့် ကြည်လင်ရှင်းသန့်နေ၏။
ရဲနေတဲ့နှုတ်ခမ်းပါးတို့အား ခပ်စူးစူးတစ်ချက်ကြည့်လိုက်ရင်း
"လက်သည်းခြေသည်းတွေရှည်နေပြီ၊
ညှပ်ရမယ်"အံဆွဲလေးထဲကနေ လက်သည်းညှပ်တစ်ခုဆွဲထုတ်လာကာ Jimin က Jeon ကုတင်ပေါ်ဝင်ထိုင်၏။
လက်သည်းတွေကို တိတိရိရိညှပ်ပေးနေရင်း
Jeon လက်ချောင်းရှည်သွယ်သွယ်တွေနှင့်
သူ့လက်ချောင်းဖောင်းဖောင်းတိုတိုလေးတွေကို ယှဉ်ကြည့်ကာ ပါးစပ်မှလည်းစကားပြောမပျက်...."မင်းလက်ချောင်းတွေက အရှည်ကြီးပဲ၊
ကြည့်လို့ကောင်းလိုက်တာ...ငါ့လက်ချောင်းတွေက ကလေးလက်လိုပဲ၊
ပုပုတိုတိုဖောင်းဖောင်းလေး...."သူ့ဘာသာပြောပြီး Jimin သဘောကျစွာရယ်လိုက်ကာ တိရိသေသပ်သွားပြီဖြစ်တဲ့လက်ညိုးလေးအားချလိုက်ကာ နောက်တစ်ချောင်းအားကိုင်လိုက်၏။
"မင်းမညောင်းဘူးလား....အိပ်နေတာအကြာကြီးပဲ၊မင်းကိုငါစိတ်ကောက်ချင်နေပြီ"
ပြောနေရင်းနဲ့ စွတ်စိုလာတဲ့မျက်တောင်တွေကို တဖျပ်ဖျပ်ခတ်ပစ်လိုက်သည်။
"မင်းသူငယ်ချင်းက မင်းနိုးလာမှမဂ်လာပွဲလုပ်မယ်တဲ့လေ....အားလုံးကမင်းကိုစောင့်နေကြတာမို့ မြန်မြန်နိုးလာပါတော့"
အသံချိုချိုလေးသည် ဘယ်ကလာနေမှန်းမသိအောင် ကြည်လင်နေကာ
ထိုအသံရှင်အားလိုက်ရှာရင်းနှင့် သူမောဟိုက်လာသည်။
YOU ARE READING
I hate you, I love you [Complete]
Fanfictionစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤