Unicode;
Jeon ရဲ့တတ်မြောက်လွယ်သော အရည်အချင်းနှင့်အာရုံစူးစိုက်မှုတွေကြောင့် ကုမ္ပဏီမှာ Seokjin Hyung ကိုကူညီနိုင်နေပြီဖြစ်သည်။
အပြည့်အဝကြီးလိမ္မာလာတာမဟုတ်တာကြောင့် ညဘက် club တက် bar သွားတာကတော့မပျက်ခဲ့....။
Meeting room ထဲကထွက်လာလာချင်း Hyung ရဲ့အတွင်းရေးမှူး Lee Taemin လက်ထဲ ဖိုင်တွဲတွေထည့်ပေးလိုက်၏။
"ဂန်းနမ်ကဆိုင်ခွဲကိုပို့မဲ့ပစ္စည်းစာရင်းတွေရပြီလား Taemin"
"ရပြီ Jeon...စစ်ကြည့်တော့မလား"
"အင်း...ရုံးခန်းထဲလာပို့လိုက်"
ခေါင်းညိတ်အရိုအသေပေးပြီး Taemin ထွက်သွားတော့မှ ရုံးခန်းထဲဝင်ခဲ့ပြီး ခုံတွင်ဝင်ထိုင်ကာ လေပူတွေကိုမှုတ်ထုတ်လိုက်၏။
📩Ring📩
မက်ဆေ့ဝင်လာသံကြောင့်ကြည့်မိတော့
Kham ငှားပေးထားတဲ့ ParkJimin အတွက်လျှို့ဝှက်သက်တော်စောင့်ဆီကဖြစ်သည်။ဓာတ်ပုံငါးပုံပို့လာတာဖြစ်ကာ ပုံတွေအားကြည့်ရင်း သူ့အသားတွေ ဆတ်ဆတ်တုန်လာ၏။
ဒီမိန်းမရဲတင်းလွန်းလိုက်တာ...။
"တောက်!"
//"ဝေးဝေးနေစမ်းပါ...မင်းကိုငါမသတီလွန်းလို့"//
//မင်းရဲ့ဘယ်နှယောက်မှန်းကိုထိကိုင်ခဲ့မှန်းမသိတဲ့လက်တွေကိုငါရွံတယ်၊
ရှေ့လျှောက်ငါ့ခန္ဓာကိုယ်ကို တစ်လက်မလေးတောင် မဆင်မခြင်မထိပါနဲ့"//ဒါကြောင့် ParkJimin ကဒီလိုတွေပြောတာကိုး။
ထိုင်ခုံကျောမှီမှာတင်ထားတဲ့ Jacket ကိုဆွဲယူဝတ်လိုက်ကာ Kham ဆီဖုန်းခေါ်လိုက်သည်။
"Hello..."
"မင်းဘယ်လိုလူမျိုးကို သက်တော်စောင့်ငှားပေးထားတာလဲ"
ဖုန်းပြောနေရင်း ကားပါကင်ဆီကိုဘယ်လိုအမြန်နှုန်းနှင့်လျှောက်လာခဲ့မိမှန်းမသိ။
"ဘာဖြစ်လို့လဲ"
"မနေ့က ဟိုမိန်းမ ParkJimin ရဲ့ဂေဟာကိုသွားခဲ့တယ်၊အဲ့မိန်းမဘာတွေပြောခဲ့လဲမသိဘူး၊မင်းလူကငါ့ကိုဒီနေ့မှပုံတွေပို့ပေးလို့အခုမှငါသိရတယ်လေ"
YOU ARE READING
I hate you, I love you [Complete]
Fanfictionစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤