Unicode;
ဆေးရုံဝင်းရှေ့ အရှိန်ပြင်းစွာထိုးရပ်လာသော ကားသည် တံခါးဖွင့်လိုက်သည်နှင့် အရင်ဆုံးမြင်လိုက်ရသည်ကသွေးစက်များ......။
"ဆရာဝန်တွေ.....ဘယ်သူရှိလဲ၊ရှိသမျှဆရာဝန်အကုန်ခေါ်ခဲ့....မြန်မြန်!"
ကြီးကောင်ကြီးမားနှင့်ပျော့ခွေနေသော ခန္ဓာကိုယ်တစ်ခုကို ပွေ့ဖက်ထားရင်း အားမလိုအားမရအသံကုန်အော်ဟစ်နေသော နုနုငယ်ငယ်ကောင်လေးသည် သူ့တကိုယ်လုံးလဲ သွေးတွေရွှဲနစ်နေကာ အပိုဆောင်းသည့်အနေနှင့် မျက်ရည်တွေလဲကျဆင်းနေခဲ့သည်။
သူ့ရဲ့စိတ်စောမှုကြောင့် ခဏအကြာဆရာဝန်တွေအနားရောက်လာကြကာ လူနာအားသေချာစစ်ဆေးကြည့်ရှူရင်း ချက်ချင်းခွဲခန်းထဲဝင်ဖို့ပြင်လေသည်။
"သွေးထွက်လွန်ထားတယ်....ဆရာမ သွေးအိတ်တွေပြင်ထားပါ၊ အားတဲ့ခွဲစိတ်ခန်းချက်ချင်းကြည့်ပြီးတခါထဲပြင်ဆင်ထားပေး..."
"ဟုတ်ကဲ့ ဒေါက်တာ"
ညွှန်ကြားမှုကိုခံယူပြီး ဆရာမလေးတစ်ယောက် ဆေးရုံထဲအပြေးလေးဝင်သွားသည်။
လူနာသည်အသိရှိနေသေးသည်။
ဒီလောက်များပြားတဲ့ဒဏ်ရာတွေနဲ့ ဒီလိုသွေးထွက်လွန်ထားပုံမျိုးဆို
အခုချိန်သတိလစ်နေလောက်ပြီဆိုတာ ဆရာဝန်ပီပီသိသည်မို့ ဒီလူနာအသိစိတ်လွတ်မသွားသေးသည်မှာ တစ်စုံတစ်ယောက်ကိုစောင့်နေခြင်းဆိုလျှင် ထိုတစ်စုံတစ်ယောက်နှင့်တွေ့ပြီးလျှင်....."Vital... ?"
"မငြိမ်ဘူး ဒေါက်တာ၊ကြည့်ရတာခက်ခဲမဲ့ပုံပဲ"
"ဒီမှာ..."
ထယ်ယောင်းကညွှန်ကြားမှုပေးနေသည့် ဆရာဝန်၏လက်အားလှမ်းဆွဲလိုက်ကာ
"ဘယ်လောက်ခက်ခဲခက်ခဲ.....ရအောင်ကယ်"
မျက်ရည်တွေသွေးတွေနှင့်ရောပြွမ်းနေသောမျက်နှာကလူနာနှင့်မှားရလောက်အောင်ဖြစ်နေကာ ရဲရဲနီနေသောမျက်ဝန်းနက်နက်တွေသည် သိပ်ကိုဝမ်းနည်းဖွယ်ကောင်းနေလျက်....
"အတတ်နိုင်ဆုံး ရအောင်ကယ်မှာပါ"
ထိုအခါမှပင် နှာခေါင်းထိပ်မှာမှဲ့နက်ကလေးတစ်လုံးရှိသည့်ထိုလူငယ်လေးက ဆွဲထားသောဆရာဝန်လက်ကိုလွှတ်ပေးလေသည်။

YOU ARE READING
I hate you, I love you [Complete]
Fanfictionစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤