Unicode;
"ဘာရှာနေတာလဲ"
ဆိုဖာဘေးပတ်ပတ်လည်တွင် ကုန်းကွ၍ တစ်ခုခုကိုရှာနေဟန်ရှိသောကြောင့်မေးလိုက်တော့အဖြေပြန်မရ။
စားပွဲခုံအောက်တွေထဲထိပါငုံ့ဝင်တော့မတတ်အာရုံစိုက်နေတာမို့ ဆိုဖာဘေးကို သူလှစ်ခနဲရောက်သွားသည်။"ဘာရှာနေတာလဲလို့"
"ဘာမှမဟုတ်ပါဘူး"
မသိစေချင်ဟန် ခပ်ပြတ်ပြတ်ပြောပြီးမှ ရှာတွေ့သွားဟန် မတ်တပ်ရပ်သည်။
မီးရောင်အောက်မှာလက်ခနဲဖြစ်သွား၍ ဆွဲကြိုးဟုထင်မိ၍အတင်းလိုက်ကြည့်မိတော့ ပလက်တီနမ်ကြိုးပျော့မျှင်မျှင်လေးနှင့်ဟမ်းချိန်းလေးက ပြတ်နေတာဖြစ်သည်။
မနေ့ညကရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူ့ကြောင့်ပြတ်သွားတာဖြစ်မည်။ကြိုးပြတ်လေးကိုဖိဆုပ်ထားတဲ့လက်ဖဝါးတို့ကို ဆွဲယူ၍အတင်းအကျပ်ဖြည်ကြည့်မိသည်။
"ဖယ်ပါ...ဘာလုပ်မလို့လဲ"
"ကျွန်တော်ပြန်လုပ်ပေးမယ်...ပေး"
"မလိုဘူး...ရတယ်"
ဒီပစ္စည်းကိုသူထိလိုက်ရင်ပဲ သန့်ရှင်းနေတဲ့အရာလေး ညစ်ထေးသွားမှာလိုလိုနှင့် ဟမ်းချိန်းအားအတင်းပြန်ဆွဲယူသွားတော့ ရင်ထဲမှာထောင်းခနဲ။
"တောက်!!"
သူထိုနေရာမှချာခနဲလှည့်ထွက်ခဲ့သည်။
သူ့ကြောင့်ပြတ်သွားတာဖြစ်လို့ပြန်လုပ်ပေးချင်ရုံ.... ParkJimin လိုလူမျိုးက အရေးကြီးသည့်ဟန်မွှေနှောက်ရှာနေတာမို့ တန်ဖိုးရှိတဲ့အရာလေးကိုဖျက်ဆီးမိသလိုဖြစ်သွားလို့ စိတ်ကောင်းတွေဝင်ခဲ့တာ။
မေ့နေခဲ့တာ.... ParkJimin ကစိတ်ကောင်းတွေနဲ့မတန်....။"တော်တော်မာနကြီးတဲ့လူ !"
ဆိုင်ကယ်ကိုဝူးခနဲမောင်းထွက်လိုက်တော့ ဒေါသကအဖျားခတ်ကာ အဝင်အဝလမ်းမှာစီထားသည့် ပန်းအိုးတွေအကုန်ဝင်တိုက်မိသည်။
ဒီအိမ်မှာရှိသမျှပန်းအိုးတွေလည်း အဲ့လူရောက်လာကာမှ သူဒေါသတွေပုံချမိသမျှအကောင်းအတိုင်းမရှိရ...။Jimin ကဒေါသတကြီးဆိုင်ကယ်သံကိုဂရုမစိုက်။
ပြတ်ထွက်သွားတဲ့ကြိုးလေးကိုနှမြောတသစွာကြည့်နေ၏။
သူ့ဘဝတွင်တန်ဖိုးအထားဆုံးပစ္စည်းနှစ်ခုသည်
မေမေပေးထားသော လက်စွပ်လေးနှင့်
အမနိုရာပေးထားတဲ့ ဒီဟမ်းချိန်းလေး....။
လက်စွပ်ကမချွတ်တမ်းဝတ်ထားတတ်ပေမဲ့...ဒီဟမ်းချိန်းလေးကတခါတလေမှထုတ်ဝတ်တတ်တာ....။
တခါဝတ်မိရုံနဲ့ တခါဆိုတခါ နောက်မဝတ်ဖြစ်တော့အောင် ကဝေကောင်ကဖျက်ဆီးသည်။
ပြီးတော့ သူကပဲတောက်ခေါက်သွားရတယ်ရှိသေး။
![](https://img.wattpad.com/cover/279535861-288-k92150.jpg)
YOU ARE READING
I hate you, I love you [Complete]
Fanfictionစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤