ဒီနေ့တော့ ခြေထောက်ကဒဏ်ရာလဲပျောက်ကင်းပြီမို့ Jimin လဲသင်တန်းပြန်ဖွင့်လေပြီ။
ပန်းချီဆွဲနေသော ကလေးတွေအား
တစ်ယောက်ချင်းစီလိုက်ကြည့်ကာ မှားနေသည်တို့အား ထောက်ပြနေလိုက်သည်။"အိမ်ကိုအပြာရောင်ခြယ်ထားတယ်မလား...အိမ်ရှေ့က မြောင်းနှစ်ခုကိုချိတ်ဆက်ထားတဲ့တံတားလေးကို အပြာထပ်မခြယ်နဲ့တော့...အဖြူရောင်လေးသုံးလိုက်ရင် ပိုပြီး romantic ဖြစ်တယ်"
ဘယ်လိုပုံဆို ဘယ်လိုအရောင်ခြယ်သင့်သည်တို့အား ပြသပေးပြီးသောအခါ
ကလေးတွေသည် ပန်းချီဆွဲခြင်းတွင်စိတ်ပါဝင်စားစွာဖြင့် ငြိမ်သက်စွာဆက်ဆွဲနေကြသည်။Jimin လဲညောင်းလာတာကြောင့် ခါးကိုပြန်မတ်လိုက်ကာ ကော်ဖီသောက်ဖို့တွေးလိုက်သည်။
ကော်ဖီဖျော်နေတုန်းမှာပင် ကလေးတစ်ယောက်က သူ့အားခေါ်လာသည်။
"Sam...Sam ကိုလူတစ်ယောက်ကြည့်နေတယ်"
"ဟင်..."
"ဟိုမှာ..."
ကလေးညွှန်ပြသောနေရာမှာ သင်တန်းလေးရှေ့ရှိ ကားလမ်းမတဖက်ခြမ်းဆီသို့ဖြစ်သည်။
အနက်ရောင် Ducati ကြီးအားမှီကာ စီးကရက်တစ်လိပ်အား ခပ်ငွေ့ငွေ့ရှိုက်နေသောသူ၏မျက်ဝန်း စူးရဲရဲတို့က Jimin ဆီသို့တန်းတန်းမတ်မတ်ပင်။
ဝဲဘတ်ရင်အုံထဲမှ အကောင်ငယ်လေးသည် လှိုက်ခနဲ....
နာမည်လဲမသိ ဘယ်လိုလူမှန်းလဲမသိ
ကိုယ်နဲ့လဲမခင်ပါပဲ အခုတလော ခဏခဏတွေ့နေရခြင်းသည် တိုက်ဆိုင်မှုပဲလား...။Jimin လိုပင် ပန်းချီဆွဲနေကြသော တခြားကလေးများသည်လည်း ထိုလူအားလှမ်းကြည့်လိုက်ကြကာ တိုးတိုးကြိတ်ကြိတ်အသံလေးများ ထွက်ပေါ်လာသည်။
"ဟိုအကိုကြီးကချောလိုက်တာ"
"ဟုတ်ပါ့ သူကငါတို့ Sam ကိုလာကြည့်နေတာမလား"
"ကြည့်ရတာ Sam ကိုသဘောကျနေတာထင်တယ် ဟိဟိ"
"ဟုတ်မယ်ထင်တယ်...အဲ့အကိုကြီး Sam ကိုကြည့်နေတာတော်တော်ကြာပြီ"
"တို့ Sam ကလဲ ချောချောလှလှလေး..ဟိုအကိုကြီးကလဲ တော်တော်မိုက်တယ်...ငါတော့သဘောတူတယ်"

YOU ARE READING
I hate you, I love you [Complete]
Fanficစနစ်တကျလှည့်စားမှုတွေကြား လှလှပပပဲပျော်ဝင်သွားတဲ့အခါ.........လှပတဲ့အချစ်ပုံပြင်တစ်ခုဖြစ်ပေါ်လာနိုင်လား? My first Fan fiction 🖤