🔥3🔥

5.6K 550 31
                                    


အဆုံးစွန်သောရမ်းကားနိုင်မှုများနှင့်
သူဌေးသူကြွယ်သားများသာ လာကဲနိုင်သော
ဘူဆန်၏ အထင်ကရ Club ထဲတွင်
မြူးကြွလွန်းသော Beat သံနှင့်
စိတ်လွတ်ကိုယ်လွတ်ကနေသူ အများအပြားရှိပါသည်..

Jeon သည် ‌မှောင်ရိပ်ကျသော ထောင့်တနေရာရှိ အနက်ရောင်ဆိုဖာပေါ်တွင်တဖက်ကအရက်ခွက်အားကိုင်ကာ စီးကရက်ကိုတဖက်လက်ကြားညှပ်ထားရင်းဖြင့် မနေ့ကတွေ့ခဲ့သော အရုပ်လေး၏မျက်နှာလှလှလေးအား ပြန်လည်ပုံဖော်နေလေသည်...

‌သူ့ကြောင့် ရေစိုသွားသော Jeon အား အားနာစွာ
တောင်းပန်ဟန်ပြည့်နေသော မျက်လုံးလက်လက်လေးများ....
ဖြူနုနေသော နှာခေါင်းသေးချွန်ချွန်လေး...
ယောက်ျားတန်မဲ့ ပန်းသွေးရောင်လွှမ်းနေသော ပါးပြင်လေးသည် အစက်အပျောက်ပင်မရှိ...

အတွေးတို့သည် နှုတ်ခမ်းဖူးဖူးစိုအိအိလေးထံရောက်တော့ Jeon သည် သတိလက်လွတ်ထရယ်လိုက်မိသည်...

Jeon အသက်ရှုဖို့တောင်မေ့သွားသည်အထိ
ပြုစားနိုင်လွန်းသော နယ်မြေလေးမဟုတ်ပါလား...

လိုတရနေသောဘဝတွင်
ချော့ပေ့လှပေ့ဆိုသည် အလှထိပ်ခေါင်တင်
ယောက်ျား မိန်းမ များစွာနှင့်ပက်သက်ဖူးပါသည်...

ကိုယ်လဲအပျော်သဘောနှင့်ပက်သက်ခဲ့ရုံ
သူတို့သည်လည်း လိုတာရှိ၍ကိုယ့်အနားချဉ်းကပ်ခဲ့ရုံ
တချို့ကတော့ Jeon Jungkook ဆိုသော အဆိုးလေးဘေးနား နေချင်လို့ကို တိုးဝင်လာခြင်းဖြစ်သည်..

ဒီနေ့တွေ့ နောက်နေ့နာမည်ပင်မမှတ်မိတော့သော
ဆက်ဆံရေးတို့တွင် Jeon သည်လည်းနေသားတကျ...

ဒီနှုတ်ခမ်းဖူးဖူးနှင့်ကိုယ်ငယ်လေးသည်သာ
Jeon မျက်လုံးထဲတဝဲဝဲလည်နှင့် စွဲထင်ကျန်ရစ်ခဲ့တာ....

တမိုးအောက် တစ်ယောက် Jeon Jungkook သည်
ဘယ်သူမှန်းမသိသော ယောက်ျားလေးတစ်ယောက်ကို ခဏလေးတွေ့ဖူးရုံနှင့်ပင်
‌အတွေးထဲထိထည့်ပြီး မြင်ယောင်နေမိသည်တဲ့လား....

ဟား....မဖြစ်နိုင်လိုက်တာ....

ကိုယ့်ဘာသာတွေးရင်း
ခေါင်းခါရင်း ကျယ်လောင်စွာထပ်ရီလိုက်တော့
ဘေးနားက အလန်းလေးနှင့်အီနေသော
ယောင်းသည် သူ့အားအလန့်တကြားမော့ကြည့်သည်...

I hate you, I love you [Complete]Where stories live. Discover now