🔥19🔥

3.5K 356 17
                                    

Min Yoongi ဆိုးလ်ကိုရောက်နေသည်မှာတစ်ပတ်ကျော်ပြီ။
Jeon Jungkook အကိုရဲ့စကားတို့အားမယုံသည်မို့ စုံစမ်းရင်းနှင့်နောက်ဆုံးမှာ ဆိုးလ်ကိုရောက်လာခြင်း။

Jeon Jungkook ရှိနေနိုင်မည့်နေရာတို့အားစုံစမ်းကာ Jeon Jungkook ရဲ့လိပ်စာအားရှာဖွေကြည့်မိပေမဲ့ ဘယ်လိုမှမရ။

စိတ်ထဲမှာ Min ကို Jeon Jungkook ခေါ်သွားတာဟုအတိအကျသိနေသည်မို့ Jeon Jungkook နဲ့ပက်သက်တာကိုပဲစုံစမ်းနေမိတာဖြစ်သည်။

ပိုက်ဆံလဲချမ်းသာကာ တစ်ဦးတည်းသောအကိုကလဲ မီးကုန်ယမ်းကုန်ဆိုးမိုက်ခွင့်ပြုထားတာမို့ ကမ်းတက်ဆိုးရဲနေသမျှ ရန်သူတော်များကလဲပေါများသည်ဖြစ်တာကြောင့်ငွေအနည်းငယ်ကစားလိုက်ရုံနှင့် Jeon Jungkook က သူ့အားရှာဖွေနေသော Min Yoongi ၏လမ်းကြောင်းမှန်သမျှအားလုံးကိုလိုက်ပိတ်ခိုင်းနေသည်ဟုသိလိုက်ရသည်။
ထိုအခါ Min က Jeon Jungkook လက်ထဲမှာဆိုတာပိုသေချာသွားတော့သည်။

Min ဖေဖေ၏အကူအညီနှင့် သတင်းအစအနတို့အားဆွဲထုတ်ရင်းငွေများများသုံးလိုက်တော့ Jeon Jungkook သွားနေကျနေရာတစ်ခုအားသိလိုက်ရသည်။

Jeon Jungkook နဲ့တွေ့ပြီး လိုချင်တာ ဖြစ်ချင်တာမှန်သမျှစိတ်ကြိုက်လုပ်ပေးပြီး Min ကိုပြန်ခေါ်မည်ဟူသောအတွေးသည် Min Yoongi ၏ဦးနှောက်ထဲ သစ်ပင်တစ်ပင်လိုရှင်သန်နေသည်။

Paradise အမည်ရှိသော Club ရှေ့ရောက်တော့ ကားထဲမှထွက်လိုက်ပြီး Club ထဲကိုဝင်ခဲ့သည်။bar မှာ သောက်စားရင်းစကားပြောနေကြသူများရှိသကဲ့သို့ မြူးမြူးကြွကြွ သီချင်းသံနှင့်အတူ ကခုန်နေကြသူများလဲရှိသည်။

လွတ်လပ်မှုတွေနှင့်အတူအပျော်လွန်ကြသောသူများအကြား Jeon Jungkook ကိုရှာမိသည်။
Club အတွင်းထဲသို့ဝင်ခဲ့သည်အထိ Jeon Jungkook နဲ့တူတာတစ်ယောက်တလေတောင်မတွေ့သောအခါ Club ထဲမှဝန်ထမ်းများကိုပင်မေးရတော့မည်။
ဒီ Club က Jeon Jungkook လာနေကျ Club မို့ ဝန်ထမ်းတွေကတော့ သူ့ကိုသိနိုင်ကောင်းပါရဲ့။အနီးမှဖြတ်သွားသော Bartender ကောင်လေးအား

"တဆိတ်လောက် ညီလေး"

"ဟုတ်ကဲ့...ဘာအလိုရှိပါသလဲခင်ဗျ"

"ဒီကို Jeon Jungkook လာနေကျလို့ပြောတယ် ဟုတ်လားညီလေး"

ကောင်လေးကစဉ်းစားဟန်နှင့်တချက်ငြိမ်ကျသွားသည်။
ပြီးမှ

I hate you, I love you [Complete]Where stories live. Discover now