အပိုင်း ၄( ငမူးကောင် )

24.3K 2.2K 228
                                    

Unicode

"ဒေါနရေ အဘဒီနေ့ ရွာဦးကျောင်းမှာ တဖက်ရွာက ဗေဒင်ဆရာရောက်နေလို့ သွားအုံးမယ်ကွယ် အဲ့တာ မင့်ဆရာလေးကို ထမင်းချိုင့်သွားပို့လိုက်မနက်က ထမင်းမကျက်သေးလို့ ထမင်းချိုင့်မထည့်ပေးလိုက်ရဘူး"

"အာ..အဘကလည်း ကျုပ်ဆရာလေးဆိုတာကြီးက ဘာကြီးလဲဗျ ''

"ဟ..ဒီကောင်နဲ့တော့ ငါကစကားအဖြစ်ပြောတာပါဟ.. အဘမှာတာမမေ့နဲ့အုံးနော် ကြားလား ဆရာလေးနဲ့လည်း ရန်ဖြစ်မနေနဲ့အုံး ငါပြန်လာလို့ ဆရာလေးကို အနိုင်ကျင့်သံကြားရင် ရွာဦးကျောင်းကဆရာတော် ကြိမ်လုံးနဲ့ဖင်လှန်ပြီးရိုက်မယ် ...''

" အင်းပါ အဘရဲ့သွားမယ့်သာသွားပါ ကျုပ်သိပါတယ် တော်ကြာ ကျုပ်ကိုကြိမ်လုံးနဲ့မရိုက်ခင် အဘအရင်ကြိမ်လုံးစာမိနေမယ်.. ''

အဘထွက်သွားပြီးသည်နှင့် ဟိုကောင်တွေနဲ့ ချိန်းထားသည့် ထန်းရည်ဆိုင်သို့ ထွက်ခဲ့သည်။မနေ့ညက အဖြစ်အပျက်ကြောင့် ဒေါက်တာအား ကျုပ်မျက်နှာချင်းမဆိုင်ချင်ပါ ။ ယောကျ်ားတစ်ယောက်အပေါ်ရင်ခုန်နေသည်မှာ သိပ်ကိုထူးဆန်းနေသည်မဟုတ်လား ။အင်း....ထမင်းချိုင့်သွားပို့ဖို့အချိန်ကလိုပါသေးတယ်လေ။ဟိုကောင်တွေနဲ့ တစ်မြူလောက်ကစ်ရင်း မူမမှန်သည့် ရင်ခုန်သံအား ထန်းရည်ဖြင့်ဆေးချမှဖြစ်လိမ့်မည်...

"ဟ.... မင်းတို့က ငါ့မစောင့်ပဲ ဝိုင်းနေကြပြီလား ''

"မင်းလာတဲ့အချိန်ကိုလည်းကြည့်အုံးလေ ငါတို့က ဒီချိန်လောက်သောက်မှ ညနေလောက်ကျ ရေချိန်ကိုက်မှာ...''

ထပြောသူမှာ သူရစိုးဖြစ်သည်။

"လာစမ်းပါ..ဒီမှာ မင်းအတွက်ဖယ်ထားပါတယ်ကွ...''

ပြောရင်းဆိုရင်းပင် ထန်းရည်ခွက်အား ကျုပ်ဆီကမ်းလာပေးသူမှာ စံပအောင်ဖြစ်သည်။

ဒင်းတို့နှစ်ကောင်က ကျုပ်ရဲ့ ငယ်ပေါင်းကြီးဖော်တွေပေါ့ဗျာ။ သူရစိုးက သူ့အဖေပွဲရုံကို ဦးစီးနေသူ၊ စံပအောင်မှာတော့ မြို့က ကုမ္ပဏီဝန်ထမ်း၊ ဒီကောင်တွေနှစ်ကောင်စလုံးက ဘွဲ့ရပညာတတ်တွေဗျ ကျုပ်ကသာမူလတန်းမှာ ကျကျန်ခဲ့တာ သို့ပေမယ့် ကျုပ်က စောက်ချောကြီး...။

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now