အပိုင်း ၁၈(အတွဲတွေမကောင်းပါ...)

16.2K 1.5K 56
                                    

Unicode

ကနေ့ သည် ဒေါနရန်ကုန်သို့ရောက်တာ သုံးရက်မြောက်နေ့ဖြစ်သည်။ သို့သော် ဒေါက်တာက လုပ်ငန်းထူထောင်မယ်ဆိုလား ဘာထောင်မယ်ဆိုလား အဲ့တာသွားထောင်နေတာနဲ့ ခုထိ မြို့ရောက်ကတည်းက ကျုပ်ကို ဟို ၁၂နှစ်သား ဖိုးလုံးနှင့် နှစ်ယောက်ထဲ ထားထားပြီးထွက် ထွက်သွားသည်မှာ နေ့တိုင်းပင်ဖြစ်သည်။

ရန်ကုန်သည် ကျုပ်အတွက်​ေတာ့ရွာမှာကဲ့သို့ ပြဿနာကို မီးထွန်းရှာစရာနေရာမှာ မပေါပေ။ဘာပဲဖြစ်ဖြစ်မရှိရှိတာတော့ရှာရမှာပဲ ။ကျုပ်ဆိုသည်မှာလည်း ပြဿနာကိုခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင်ဝတ်နေရမှ နေသာထိုင်သာရှိသည့်သူမဟုတ်​ပေလား။

ပျင်းပျင်းနှင့် ခြံထဲ လှည့်လည်ကြည့်နေစဥ် ခြံထောင့်ရှိ မချစ်စု သရက်ပင်ကြီးမှာ ကျုပ်အား သူ့ကိုတက်ပါ တက်ပါဟုမြှူဆွယ်နေပြန်၏။ အင်းး...ဒင်းစိတ်တိုင်းကျ တက်​ပေး ရမှာပေါ့လေ။ ကျုပ်က သိပ်တက်ချင်လွန်းလို့ရယ်တော့မဟုတ်ပါဘူးနော်...။အဟန့်။

"ဖိုးလုံးရေ ဟေ့ဖိုးလုံး...အဲ့က မနိုင်မနင်းတွေကိုချထားခဲ့ပြီး ဒီက ငါ့ကိုလာမစမ်း အဲလေ.. ငါ့ဆီလာစမ်းကွာ..''

ခြံထဲရှိ နှင်းဆီပန်းအိုးများအား မနိုင်မနင်းမရွှေ့နေရာချ နေသည့်ဖိုးလုံးမှာ ကျုပ်ထံ အပြေးနှင်လာပြီးပါးစပ်မှလည်းပွစိပွစိနှင့်။

"ဘာတုန်းဗျာ...ခင်ဗျား ဘာဖင်ယားဦးမလို့လဲ...ဒီမှာခင်ဗျား အိုကြီးအိုမနဲ့ ပေါက်တီးပေါက်ရှာတွေတော့မလုပ်စမ်းပါနဲ့ ဦးလေးဒေါနရာ သူဌေး​လေးလာရင် ခင်ဗျားက ဆူခံထိတာမဟုတ်ဘူး ကျုပ်က ဆူခံရမှာဗျ ..''

"မင်းဘိုးအေ.. ဦးလေးဒေါနရမှာလား ငါက မင့်သူဌေးထက်တောင်နှစ်နှစ်ငယ်တယ်ကွ ကိုကြီးဒေါနလောက်တော့လုပ်ပါ...''

"ဟ ဒါတော့ ခင်ဗျားက အိုစာတာကိုး..ကျုပ်ဟာကျုပ်ခေါ်ချင်သလိုခေါ်မယ်ဗျာ ခုခိုင်းစရာရှိလား မရှိရင် ​ပြန်မယ် ကျုပ်အလုပ်ရှိသေးတယ်ဗျ...''

" မင့်အတော်နားညီးတဲ့ကောင်ပဲ ပါးစပ်ကလည်း မုဆိုးမဖင်ကြီးလိုပဲ ပွစိပွစိနဲ့ ...''

ကျွန်တော့်ယောကျ်ား သူကြီးသား...Opowieści tętniące życiem. Odkryj je teraz