အပိုင်း ၁၇(အမှတ်တရ..💥)

16K 1.5K 78
                                    

Unicode

ညနေ့ခင်း ရွာတောင်ပိုင်းမှ သူကြီးအိမ်ပြန်ရောက်သည်နှင့် အိမ်နောက်ဖေးတွင် ဆရာလေးအား ပုခုံးငှားထားသည့် သားဖြစ်သူ ကိုယ်ကြမ်းတောကြီးအားကြည့်ကာ ကိုယ့်မျက်စိကိုယ်တောင်မယုံနိုင်ပေ..။

ဒီကောင် ဆရာလေးနဲ့ဘယ်တုန်းက တည့်သွားတာလဲ...။ကျုပ်မှာတော့ ဆရာလေးအနိုင်ကျင့်ခံနေရမည်စိုးသဖြင့် အသွားတောင်မဖြောင့်ဘူး ဒင်းတို့နှစ်ယောက်က အဆင်ပြေနေလိုက်တာများ...အင်းး ကောင်းတယ် ကောင်းတယ် ညီကိုတွေလို ချစ်ချစ်ခင်ခင်ရှိတော့ စိတ်အေးရတာပေါ့...။ဒီတိုင်းထားလို့တော့မဖြစ်ပေဘူး ကျုပ်လည်းဒင်းတို့နှစ်ယောက်အားအရေးကြီးစကားပြောစရာရှိသေးသည်ဖြစ်၍ နှိုးဖို့ပြင်ရမည်။

"ဟေ့ သားနောင် ဟေ့ဒေါန... ထကြပါအုံး..အဘပြောစရာရှိတယ်''

"ဟင်...အင်း...အဲ. ""

အင်း အဲလုပ်ကာ နိုးလာသော နှစ်ယောက်မှာ ကျုပ်အားမြင်သည်နှင့် လူချင်းခွာလိုက်ကြကာ အလန့်တကြားဖြစ်နေကြသည့်ပုံ..။

"အဘ အရေးကြီးပြောစရာရှိလို့ကွဲ့...''

ဒါကိုဒေါနက...

"အေးဗျ ပြောလေ... ဘာများတုန်းအဘရဲ့''

"အဘ ရွာတောင်ပိုင်းက မင်းဘကြီးအိမ်ရောက်နေတဲ့ဗေဒင်ဆရာဆီကြုံလို့ ဗေဒင်မေးလာတာကွဲ့.''

"ဟုတ်ကဲ့ဗျ ဗေဒင်ဆရာကဘာပြောလဲဗျ..''ဆက်ပြောရန်​ေဒါက်တာကစကားထောက်ပေးသည်။

ဗေဒင်ယတြာကိုအယုံအကြည်မရှိသည့်သူဖြစ်ပါသော်လည်း လူကြီးစိတ်ချမ်းသာအောင် အလိုက်အထိုက်တော့ပြောပေးမှ မရိုင်းရာကျမည်မဟုတ်လား။

"အေးကွယ် သား​ဒေါန မင်းက ကံညံ့နေတယ်ကွဲ့ အနာဂတ်မှာ အောက်ဘက်ကိုရောက်နေတယ် အဲ့တာအဘမင်းကို အထက်ဘက်ရောက်အောင်ယတြာချေပေးမလို့ ရွာဦးကျောင်းမှာ ၁၁ရက်ညအိပ်ပြီး ဒီက​နေ့ညကစလို့အဓိဌာန်ဝင်ရမယ် ဒါကြောင့် အဘကို အက်ျီအထုတ်ပိုးပြင်ပေးဦး..''

ဟင် အဘက ရွာဦးကျောင်းမှာ ညအိပ်မယ်ဆိုပဲ ဒေါက်တာကလည်း မြို့တက်အုံးမယ် ဒါဆိုအိမ်မှာ ကျုပ်တစ်ယောက်ထဲပေါ့..။ဒေါက်တာနဲ့မြို့လိုက်သွားသင့်လား..။

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now