အပိုင်း ၂၉ (.....)

12.6K 1.1K 59
                                    

Unicode

မနက်အစောကားဖြင့် ရန်ကုန်သွားသောဒေါက်တာမှာ ခုဆို ရောက်လောက်ရောပေါ့..။တစ်သက်နဲ့တစ်ကိုယ်တစ်ယောက်ထဲ အလေလိုက်လာတဲ့ဒီကကောင်ကို ခုလိုအထီးကျန်မှုကြောင့် တွေဝေထိုင်းမှိုင်းနေတဲ့ကောင်ဖြစ်အောင် ခင်ဗျားပြောင်းလဲပစ်နိုင်တာ ကျုပ်အံ့သြမဆုံးဘူးဗျာ...။ကျုပ်တော့ ခင်ဗျားကြောင့် အကျင့်တွေပျက်နေပြီဒေါက်တာရေ...။အမြန်ပြန်လာပါတော့ဗျာ..။

အိမ်ဝင်ဝ အတက်အဆင်းလှေကားတွင် ဆောင့်ကြောက်ထိုင်ကာ မှိုင်နေသော ဒေါနမှာ ကျုပ်လာတာကိုပင်မသိရလောက်အောင် ဒင်းဘာတွေတွေးနေသလဲ။ရုပ်ကြီးကလည်း ခရမ်းချဥ်သီးအရည်ညှစ်ထားသလိုပဲ... ပျက်ယွင်းနေလိုက်တာ...။

သူ့သား၏ပျက်ယွင်းနေသောရုပ်နှင့် ထိုင်းမှိုင်းလေးလံနေသောနာမ်ကြီးကြောင့် သူကြီးစိတ်မချမ်းသာနိုင်တော့ပါ။ဘာဖြစ်သလဲမေးကိုမေးရဦးမည်။

"ဟေ့...ဒေါန ငါ့သား...ဘာဖြစ်နေသလဲကွာ အဘကိုပြောစမ်း မင့်ကြည့်ပြီး အဘဖြင့်စိတ်မချမ်းသာလိုက်တာ... ''

ဒါကိုပင် အားပျက်ယုတ်လျော့နေသည့် လေသံဖြင့်ဒင်းကပြန်ဖြေလာသေးသည်။

"ဘာမှမဖြစ်ပါဘူးဗျာ...''

"ဟ!မဖြစ်နိုင်တာ ငါ့သားကခါတိုင်းဒီလိုမျိုးမဟုတ်ပါဘူး အမြဲတက်ကြွနေတဲ့ကောင်ပါ..။ခုကြည့်စမ်း မျက်နှာကြီးကလည်း ဆယ်ပြားစေ့နွားနင်းထားသလိုပဲ...''

ဟ! တဆိတ် ဒါတော့ဦးဘရောင်လွန်ပြီ...။ကျုပ်ဟာကျုပ် ကိုယ့်ထမင်းကိုယ်စားပြီးသူများသားသမီးကိုထိုင်လွမ်းနေတာတောင် အေးဆေးလွမ်းခွင့်မပေးဘဲ ဘေးကနေ ကဲ့ရဲ့နေလိုက်တာ မျက်နှာလည်း နွားနင်းထားတဲ့ဆယ်ပြားစေ့လုံးလုံးကိုဖြစ်လို့။

"ဟာ..အဘကလည်းဗျာ ကျုပ်ဟာကျုပ် ဒေါက်တာ့ကိုလွမ်းနေတာတောင်အေးရာအေးကြောင်းမလွမ်းရဘူး ...အဘလုပ်စရာမရှိရင် ဟိုကွပ်ပျစ်မှာ ငြိမ်ငြိမ်လေးသာ သွားထိုင်နေလိုက်ပါလား...''

"အံမယ်ငါ့များ ငြိမ်ငြိမ်ထိုင်နေဆိုပဲ မထိုင်ဘူး ဟေ့ကောင်...ငါရွာဦးကျောင်းသွားမလို့ အဲ့တာမင်းအိမ်အလုပ်တွေလုပ်ထား ပြီးရင်သောက်ရေအိုးရေဖြည့်ပြီး အိမ်သာထဲပါရေဖြည့်ထား...ခိုင်းချင်လွန်းလို့တော့မဟုတ်ဘူး မင်းအိမ်အလုပ်တွေလုပ်ရင်း မင်းယောကျ်ားကိုလွမ်းတဲ့စိတ်များလျော့သွားမလားလို့ငါက စေတနာနဲ့ ကူညီပေးနေတာ... ကြားလား ငါစိတ်ချမယ်နော်''

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now