အပိုင်း ၁၆(အတတ်ကလေး💛)

16.9K 1.5K 115
                                    

Unicode

အပိုင်း ၁၆

"အဘလုပ်ပုံ ကောင်းသေးရဲ့လား.....''

အက်မယ် ဒင်းကပဲ ကျုပ်ကို ပြန်ခံပက်နေရသေး။ ကလေးတွေနဲ့ မကြီးမငယ် သောက်ကမြင်းထတုန်းကထပြီးဟိုက​လေးကို​​ပေးခဲ့တဲ့ ကတိအတိုင်း ခုထိပ်တုံးခတ်ခံရတော့မှ ဒီအသံထွက်တာ ဒင်းကောကောင်းသလား။

အစကထဲက ထိပ်တုံးအခတ်မခံချင်ရင် နိုင်အောင်ခွပ်ပါလား။ ခုတော့ ငါးနှစ်သားကလေးနဲ့ပြိုင်မှရှုံးရတယ်လို့ ဒါသက်သက် ဘရောင်မျက်နှာကိုအိုးမဲသုတ်တာပဲ..။

"မင်းရောကောင်းသလား ဟမ်း...ကလေးနဲ့ အပြိုင်သောက်ကမြင်းကြောထတာ ခုတော့ ရှုံးလည်းရှုံး ဖင်လည်းကွဲတယ်မလား... ''

"ဟ အဘရဲ့ လူ​ကြားကောင်းအောင် ဘောင်းဘီတော့ထည့်ပြောပါဗျ...''

"လူကြားမကောင်းအောင်မင်းပဲ ဖန်တီးလာတာမဟုတ်လား..ပိုဆိုးတာက ရွာထဲမှာ​ခု​ပြန့်​နေတဲ့ သူကြီးထိပ်တုံးကို သူကြီးသားဒေါနရောင်က ကန်ထရိုက်ဆွဲထားတယ်ဆိုတဲ့စကားပဲ...''

"အဘကလည်း ကျုပ်လည်း ရှုံးချင်လို့ရှုံးလာတာမှမဟုတ်ဘဲ အမှန်ဆို အဲ့ပွဲမှာ ကျုပ်ကနိုင်တော့မှာဗျ အဘသာဘောင်းဘီကောင်းကောင်းဝယ်ပေးရင် ကျုပ်ဖင်ကွဲမှာမဟုတ်ဘူး ဖင်ကွဲသွားတော့ ကျုပ်လည်း လန့်ပြီးထိုင်ချမိသွားတာပေါ့လို့....''

အက်မယ် သူသောက်ကမြင်းထလို့ရှုံးတာတောင် ကျုပ်ကြောင့်ဆိုပဲ... ဒင်းကိုမှတ်လောက်သားလောက်အောင် ဘာမှမကျွေးဘဲ ထိပ်တုံးနဲ့ ပစ်ကိုထားဦးမယ် ဒါမှ မှတ်မှာ။

တစ်ယောက်က မတ်တပ်၊တစ်ယောက်က ထိပ်တုံးတန်းလန်းဖြင့် ကျွန်တော့ရှေ့တွင် ရန်ဖြစ်နေကြသော သားဖနှစ်ယောက်အား မကြည့်ရက်သည့် ကြားထဲကျွန်တော်ကပဲ ပြန်ဖြေပေးရတော့မည်။

"ဟို... ဖေဖေခင်ဗျ''

ကျွန်တော့်၏ ဖေဖေဆိုသည့်မတော်တဆခေါ်သံကြောင့် ရန်ဖြစ်နေကြသည့် သားဖနှစ်ယောက်၏ မျက်လုံးများမှာ ကျွန်တော့် ဆီသို့ပြေးကပ်တော့မလိုပင် ပြူးကြည့်လာကြသည်။ဘုရား ဘုရား ရင်ထဲက စကားတွေ အပြင်ကိုထွက်ကုန်ပါပြီ...။မထူးပါဘူးလေ ချော်လဲရောထိုင်ပေါ့။

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now