အပိုင်း ၂၈ (ငရစ်...)

13.7K 1.2K 60
                                    

Unicode

"ဒေါက်တာ... ခင်ဗျား ဒီနေ့ ဆေးခန်းမှာ ဘယ်မိန်းမဖင်ကို ဆေးထိုးပေးခဲ့သေးလဲ...''

အိမ်ထောင်သက်တမ်း၁နှစ်ကျော်ကြာပြီးနောက်တွင် ဒေါန၏ သဝန်တိုမှု levelသည်လည်း အတော်မြင့်လာပြီဖြစ်သည်။ ခုလည်းအိပ်ခါနီး အိပ်ယာထဲတွင် ကျွန်တော့်ရင်ခွင်ထဲခေါင်းမှီလို့ တနေ့တာကိစ္စအလုံးစုံတို့အား အတိုးချ၍ ရစ်နေခြင်းဖြစ်သည်။သို့သော် ချစ်တော့လည်း ရစ်တယ်လို့ကိုမမြင်မိပါ။
ဒီရစ်နေတာလေးကိုပဲ ချစ်နေရတာကိုး။

ကျွန်တော်အတွက်လည်း ဒေါနရဲ့ ရစ်သံလေးကိုမှမကြားရရင် လူက စားလို့လည်းမဝင်အိပ်လို့လည်းမပျော်နိုင်ပါ။ ခုလည်း ထုံးစံအတိုင်း ရစ်မှုရေးရာအဖြာဖြာတို့အား တစ်ခွန်းမကျန်ဖြေရှင်းရပါဦးမည်။

"ဘယ်မိန်းမဖင်မှဆေးမထိုးပေးခဲ့ပါဘူးဗျာ ဒီနေ့ ဆေးထိုးလူနာလည်းမလာဘူးရယ်...''

ကျုပ်က ဆရာဝန်တစ်ယောက်ကိုယူထားပြီးတော့ လူနာဖင်ဆေးထိုးသည်ကို မကြိုက်ရအောင် သဘောထားသေးသိမ်လွန်းတဲ့ကောင်မျိုးတော့မဟုတ်ပါ။ တမင်တကာဒေါက်တာ့ကို စကားတွေအများကြီးပြောချင်လို့ကို ရစ်နေခြင်းဖြစ်သည်။မဟုတ်ရင် အိပ်ရာထဲတန်းဝင် တန်းချပြီး(ခေါင်းကိုပြောတာ) တန်းအိပ်ဆိုတော့ အိမ်ထောင်ရေးမှာ ဘယ်လိုလုပ် စိတ်လှုပ်ရှားဖို့ကောင်းတော့မလဲလေနော့်။

ဟိုစကားလိုပေါ့ ရစ်လေချစ်လေတဲ့။အဲ့တော့များများရစ်ပေးမှကျုပ်ရဲ့အချစ်တွေကိုဒေါက်တာက များများ​မြင်နိုင်မှာမဟုတ်လား..။

"ဒေါက်တာ ပြီးတော့ ကျုပ်မေးဦးမယ်...''

"မမေးခင် ကိုယ်တို့ လင်မယားလုပ်တိုင်းကစားကြမလား...''

ကြက်ဖခွပ်ကြမလားဆိုတာနဲ့ အရိပ်အကဲနားလည်သော ဒေါနတစ်ယောက် ဒေါက်တာ့အား မျက်စောင်းထိုးလို့...။

"ခင်ဗျားနော် စကားအကောင်းပြောနေတာကို စလာပြီ။ တနေ့ တနေ့ ခင်ဗျား​ရဲ့လင်မယားလုပ်တမ်းကိုကြောက်လို့ ကျုပ်တော့ လုံခြုံတဲ့နေရာရှာမှဖြစ်တော့မယ်.....''

"မင်းအတွက် ကိုယ့်ရင်ခွင်ထက် လုံခြုံတဲ့နေရာဆိုတာ ရှိပါအုံးမလား....​မောင်ရယ်...''

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now