အပိုင်း ၂၃ (💙)

13.3K 1.1K 44
                                    

Unicode

မနက်ဖြန်ဆို ကျုပ်ရဲ့ ရွာလေးသို့ပြန်ရတော့မည်ဖြစ်သည်။ အဘလည်း အဓိဌာန်ထွက်ပြီဖြစ်ကြောင်း ရန်ကုန်သို့ အလုပ်ဖြင့်တက်လာသည့် သူရစိုးနှင့်စံပအောင်မှတဆင့် မှာလိုက်​​​သည်။ဒီကောင်တွေ ရန်ကုန်ရောက်နေသည်မှာ ဟိုတနေ့ကတည်းကပင်..။သို့သော် ကျုပ်ဆီကျလာမလည်ပါဘဲ ဒေါက်တာနဲ့ကျတွေ့တယ်တဲ့ဗျား..။သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကျမေ့ပြီး အမေကျော်လို့ ဒွေးတော်လွမ်း ...တော်တော်လည်းသစ္စာရှိတဲ့ကောင်တွေ။

ဒေါက်တာကလည်း ရန်ကုန်ရောက်ကတည်းက သွားလိုက်ရတဲ့ အလုပ်ကိစ္စတွေ ခုလည်းဘယ်အလုပ်မှာ ရှယ်ယာဝင်မယ်ဆိုလား အဲ့လိုသွားတာပဲ ကျုပ်ဖြင့် မြို့ရောက်ကတည်းက ဖိုးလုံးနဲ့သာအချိန်ကုန်ရတဲ့ရက်ကခပ်များများရယ်။ဒေါက်တာ့ကိုမယူပဲ ဖိုးလုံးကိုသာ ယူလိုက်ရင်ကောင်းမလား..။ဒါကိုဖိုးလုံးကြားရင် ကျုပ်ကို နှုတ်သီးနဲ့ထိုးမှာသေချာတယ်။

ဒေါက်တာပြောတာတော့ ကျုပ်ကိုလက်ထပ်ပြီးရင် လူအများအလယ်မှာ မျက်နှာမငယ်ရအောင် သူကြိုးစားနေတာပါတဲ့။မဖြစ်ဘူး ကျုပ်လည်း ဒေါက်တာမျက်နှာမငယ်ရအောင် အလုပ်လုပ်ဖို့ခွင့်တောင်းရမယ်။သူကျအလုပ်လုပ်ပြီး ကျုပ်ကျ ထိုင်စားနေလို့ဘယ်လိုဖြစ်မလဲ ကျုပ်လည်း ယောကျ်ားတစ်ယောက်ပဲလေ။

"ဟေ့ ဖိုးလုံးကောင်...''

ခြံထဲတွင် တံမြက်စည်းလှဲနေသည့်ဖိုးလုံးက ကျုပ်ခေါ်သံကြောင့်လှည့်ကြည့်ကာ ဘာလဲဆိုသည့်သဘောဖြင့် မေးငေါ့ပြသည်။

"လာဦးလို့ ငါတိုင်ပင်စရာရှိလို့...''

လှဲနေသည့်တံမြက်စည်းအား အသာချလို့ ကျုပ်အနားပြေးလာကာ ကျုပ်ဘေးတွင်ထိုင်သည်။ ကျုပ်တို့ကခုဆို အိမ်အဝင်ဝက လှေကားထစ်ပေါ်မှာပေါ့ဗျာ..။

"ဘာတုန်း ဦးလေးဒေါနရာ ကျုပ်အလုပ်မပြီးသေးရင် သူဌေးလေးဆူလိမ့်မယ်ဗျ..''

"နေစမ်းပါကွာ မင်းသူဌေးဆူရင် ငါပြောပေးမယ် ဟုတ်ပြီလား...မင်းသူဌေးဆိုတဲ့သူကညညဆို ငါ့အောက်မှာ ပြားပြားဝပ်ပဲ အဟွန်း...''

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now