Unicode
မဂ်လာမဆောင်ခင် တစ်ပတ်အလိုမနက်ခင်းတစ်ခုဝယ်.. အိမ်ရှေ့ကွပ်ပျစ်ကလေးတွင်ခြေဆင်းထိုင်ကာ လက်ဖက်သုပ်စားနေသောသူကြီးနှင့် နောက်ဖေးအုတ်ကန်တွင်ရေမိုးချိုးပြီး ရေလဲပုဆိုးအား ခပ်တိုတိုဝတ်လို့ အပေါ်ပိုင်းဗလာနှင့် အိမ်ရှေ့သူကြီးရှိရာသို့ ရေးကြီးသုတ်ဖြာပြေးလာသောဒေါန။ သူရောက်နေသည်ကို မသိသည့် သူကြီးကတော့ သူအာရုံနှင့်သူမို့ မိမိရှေ့က ကိုယ်တုံးလုံးကောင်အားမမြင်သေး။
"အဘ!!!''
"ဟဲ့ ေ-ာက်ခွေးရဲ့!! လန့်လိုက်တာဟ ငါနှလုံးရောဂါနဲ့သေရင် မင်းလင်ယူရမှာမဟုတ်ဘူးနော် ဒေါန..''
"ဟ...အဘကလည်း အဘသေတာနဲ့ကျုပ်ယောကျ်ားမရတာဆိုင်သလားဗျ အဘမပေးစားလည်း ကျုပ်က ဒေါက်တာ့ကိုရအောင်ယူမှာပဲ..''
အက်မယ် ဒင်းကပဲလာလာရှိသေးတယ်..တော်တော်မွေးရကျိုးနပ်တဲ့ကောင်။နေပါစေဦး ယောက်ျားရပြီးမှ ဒီကောင့်ကို အမွှေးဖြတ်ပြီး စွန်လွှတ်ပစ်ဦးမယ်။
*အမွေပြတ်စွန့်လွှတ်တာပါ'( *"အဘ ကျုပ်ရပ်ကွက်ထဲ လော်နဲ့လှည့်အော်လိုက်တော့မယ်... ''
" ဟေ ဘာကိုအော်မှာတုန်း''
"ဟ!အဘကလည်း ကျုပ်မဂ်လာဆောင်မယ့်အကြောင်းလေဗျာ''
"နေပါဦးဟ စောလွန်းနေသေးတယ် မင့်မဂ်လာဆောင်က နောက်အပတ်မှလေ..''
"ဟာ မသိဘူးဗျာ နောက်အပတ်ဖြစ်ဖြစ် ရှေ့အပတ်ဖြစ်ဖြစ် ကျုပ်အတော်ကို ကြေငြာချင်နေပြီဗျ...''
ဒါမှ ဟိုကွမ်းတောင်ကိုင်မ မိစံပါယ်လည်း ဒေါက်တာ့ကို နှိုက်မမြည်းရဲမှာမဟုတ်လား..။ ကြည့်စမ်း ကျုပ်အကြံဘယ်လောက်ပိုင်သလဲ။
"ဖိတ်စာတွေဘာတွေရိုက်ပါရစေဦးဟ..''
"လုပ်မနေပါနဲ့...ကျုပ်က လော်နဲ့ပဲအော်ချင်တာ အဘရဲ့...ကြာပါတယ်ဗျာ ခုပဲ သွားအော်လိုက်တော့မယ်..''
" အက်ျီလေးဘာလေး ဝတ်ပါဦးဟ
မင်းတို့လူငယ်တွေများ ဘာလုပ်ချင်လုပ်ချင် ချက်ချင်း၊ သွားချင်လည်းချက်ချင်း၊ လာချင်လည်း ချက်ချင်း၊ ဟော ခုလည်း မြို့က ပြန်ရောက်ရောက်ချင်း မဂ်လာဆောင်ချင်ကြတော့လည်း ချက်ချင်းကိုစီစဥ်ပေးရတော့တာပဲ..''
YOU ARE READING
ကျွန်တော့်ယောကျ်ား သူကြီးသား...
Romanceရွာရဲ့ တာဝန်ကျဒေါက်တာလေး သူရိန်ရှင်းနောင် နှင့် သူကြီးသားလေး ဒေါနရောင်တို့ရဲ့ အလွဲလွဲအချော်ချော်အချစ်ဇာတ်လမ်း... ပထမဆုံးရေးဖူးတဲ့ လက်ရာလေးဖြစ်တဲ့အတွက် အရေးအသားမပြေပြစ်ရင် ကြိုပြီးတောင်းပန်ပါရစေ ။ အမှားများပါလျှင်လည်း ချစ်သောမျက်စိဖြင့် ရှုလို့ဝေဖန်န...