အပိုင်း ၁၃ (သူကြီးသားအား ချော့တော်မူခန်း)

18.6K 1.8K 67
                                    

Unicode

ဘာလိုလိုနဲ့ သီတင်းကျွတ်လပြည့်ညကိုရောက်ခဲ့ပြီ။ကျွန်တော့ဒေါနက ကျွန်တော့အား စိတ်မပြေနိုင်သေးပါ။ အိမ်မှာ တွေ့လျှင်လည်း ရှောင်ဖယ်နေပါ၏။ ဘာပဲဖြစ်ဖြစ်ဒီညတော့ ရအောင်ချော့ရမည်။ ခုလည်း စံပတို့နဲ့ စတိတ်ရှိုးအတွက်လိုအပ်တာများ လိုက်ကူပေးနေပြန်သည်။စကားသွားစလျှင်လည်း သူ့ဘက်ကစလို့ သွေဖယ်နေပုံမှာ ကျွန်တော့်အား ဝမ်းနည်းစိတ်ကိုဖြစ်စေ၏။

ရွာလုံးကျွတ်လာရောက်အားပေးကြသည့်အပြင် တစ်ဖက်ရွာများကပါ ပါဝင်ဆင်နွှဲကြသဖြင့် ကျုပ်တို့အပိုင်းတွင်လူတွေမှာ အုံ့အုံ့ကြပ်ကြပ်...။

ဇာတ်စင် အထက်ပိုင်းတွင် အရပ်လေးမျက်နှာသို့လှည့်၍ချည်ထားသော လော်စပီကာကြီးများ၏ အသံကျယ်လောင်မှုဖြင့် အရပ်လေးမျက်နှာရှိရွာများအား ကြားနာစေသည်။ဇာတ်စင်ရှေ့တည့်တည့် ထိုင်ခုံတွင်နေရာယူထားသည်က ရွာဦးကျောင်းဆရာတော်၊ဆရာတော်၏ညာဘက်ခြမ်းတွင်မိန့်မိန့်ကြီးထိုင်နေသည်က ကျုပ်အဘသူကြီးဦးဘရောင်ဖြစ်၏၊ ဆရာတော်၏ ဘယ်ဘက်ခြမ်းတွင်နေရာယူထားသည်က မြို့ကလာသည့် ဗေဒင်ဆရာဆိုသူဖြစ်၏။

ဒါနဲ့ ပွဲခင်းထဲတွင်လူစုံတက်စုံရှိပါသော်လည်း မရှိသည်က ဒေါက်တာသူရိန်ရှင်းနောင်ပင်။ ဒင်းဘယ်များသွားပါလိမ့်။ မိန်းမများခိုးသွားပြီလား ဒါတော့မဖြစ်နိုင် ဘာလို့ဆို သူက ကျုပ်တစ်ယောက်ထဲကိုပဲ ချစ်တာမဟုတ်လား..။အဟန့်..ကိုယ့်အတွေးနဲ့ကိုယ် လူကြားထဲ ခိုးပြုံးမိသေးသည်။

လူလည်းအတော်စုံပြီမို့ ပွဲစဖို့အချိန်လည်း ကျ​ပြီ​​ဖြစ်၏။

" သူရ.... ပွဲစတော့မလား မင်း မိုက်နဲ့တက်အော်လိုက်စမ်းပါ ငါအောက်ကပဲ ထိုင်ကြည့်နေမယ်..''

"အေးပါ... အေးပါ ''

တီ.....

တီဆိုပြီး စပီကာမှ ကျယ်လောင်စွာထွက်ပေါ်လာသော အသံမှာ စူးခနဲ....

"ဟယ်လို ဟယ်လို တက်ကစီ တက်ကစီ ဝမ်း၊တူး၊ဝမ်း၊တူး''

"ဟယ်လို ဤပွဲအားလာရောက်ကြည့်ရှုကြပါသော ရွှေပွဲလာပရိတ်သတ်အ​ပေါင်းတို့ခင်ဗျာ..ပထမဦးစွာ ကျွန်တော် ကြေငြာချင်တာကတော့ ပွဲခင်းထဲတွင် ရန်မဖြစ်ကြဘဲ ပျော်ပျော်ပါးပါးစည်းစည်းလုံးလုံးသာ ပွဲကြည့်စေချင်ပါတယ်ခင်ဗျာ ဒါကိုမှနားမထောင်ပဲ စည်းကမ်းဖောက်ရင်တော့ ဒေါနက ပါးသုံးချက်လာရိုက်မှာပါ..''

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now