အပိုင်း ၆ (💚💭)

22.2K 1.9K 36
                                    

Unicode

မနက်စာထမင်းဝိုင်းတွင် မနက်ခင်းပဲ​​ပြုတ်သည်အရီးပုဆီမှ ပဲပြုတ်နဲ့ ထမင်း​ကြမ်းခဲအား ပဲဆီလေးနဲ့ နယ်ထားသည်မှာ အလွန် မြိန်ရည်ယှက်ရည်ရှိလှသည်။ မြို့မှာနေတုန်း ရယ်ဒီမိတ်တွေချည်းစားခဲ့ရသည်မို့လားမသိ တောဓလေ့ရိုးရှင်းသည့် ထမင်းဝိုင်းကလေးသည် ကျွန်​တော့်အားပို၍ဆွဲဆောင်နိုင်သည်။

ကိုယ်ပူကျသွားသော်လည်း ဖျားထားသည့်အရှိန်ဖြင့် နွမ်းကျနေသော ချစ်ရသူ၏ မျက်နှာလေးမှာ တိမ်ဖုံးနေသည့်လဝန်းကြီးကဲ့သို့ ရွှန်းရွှန်းပပမသာနိုင်ပေ။ ခါတိုင်းတက်ကြွနေသည့် သူအားထိုကဲ့သို့မြင်ရခြင်းမှာ ကျနော့အတွက် စိတ်သောကကိုပွားစေ၏။

"ဒေါန နေကောင်းရဲ့လား ထမင်းလည်းသိပ်မစားပါလားကွ ..အဘရိုက်လို့စိတ်ဆိုးနေတာလား အဘက မင့်ကိုချစ်လို့ လိမ်မာစေချင်လို့ရိုက်တာလေ ငါ့သားရဲ့ စားစား မင်း​ကြိုက်တဲ့ ဒေါ်ပုပဲပြုတ်ကို အဘအစောကြီးထပြီးစောင့်ဝယ်ထားပေးတာ စားပါကွ အားရပါရ..''

"အင်း..အဘ ကျုပ် ခံတွင်းသိပ်မတွေ့လို့...''

ထိုးကိုက်နေသောခေါင်းကြောင့် စကားလည်းအများကြီးမပြောလိုပါ။နေမကောင်းဘူးပြောလျှင် သူရိုက်လို့ဖြစ်တယ်ဆိုပြီး စိတ်မကောင်းဖြစ်နေမည်စိုး၍ အဘအား နေမကောင်းကြောင်း အသိမပေးလိုပါ။

"သူကြီး ကျွန်တော် ဒီနေ့ ဆေးခန်းခွင့်ယူထားတယ် အဲ့တာ ရွာလယ်စျေးခဏသွားမလို့ဗျ...သူကြီးဘာမှာအုံးမလဲ''

"ဖြစ်ရဲ့လား ဆရာလေးရဲ့.. ကျုပ်တို့ရွာရောက်တာဖြင့်မကြာသေးဘဲ ရွာလယ်စျေးကို သွားလို့ဖြစ်ပါ့မလား တော်ကြာ မျက်စိမှားနေမယ်နော့ ဆရာလေး...''

ရွာလယ်စျေးသည် ရွာ၏ အလယ် ချက်ကျကျနေရာတွင်တည်ထားသဖြင့် အိမ်နဲ့ဆို အတော်လှမ်း၏။ ရွာကိုရောက်တာသိပ်မကြာသေး၍ လမ်းများအားမကျွမ်းကျင်သော်လည်း ချစ်ရသူအဖို့ အမဲစွပ်ပြုတ်လေး​​တော့လုပ်တိုက်ချင်သေး၏။ အခြားအခြောက်အခြမ်းတချို့လည်းဝယ်ရအုံးမည်ဖြစ်၍ ရွာလယ်​စျေးကို သွားမှကိုဖြစ်မည်။လမ်းမသိတာအသာထား ပါးစပ်ပါလျှင်ရွာရောက်သည်ဆိုတဲ့ စကားအတိုင်း မေး၍မြန်း၍သွားရမည်။

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now