အပိုင်း ၉ (ချစ်ရေးဆိုခြင်း...)

20.2K 1.8K 128
                                    

Unicode

ဒေါနတစ်ယောက် မနက်အိပ်ယာနိုးနိုးချင်း ငေါက်ခနဲထထိုင်ကာ ဒီနေ့မှကိုယ်ကိုကိုယ်တောင်မယုံနိုင်စွာ အလွန်တက်ကြွနေသည်။
ညက ကျုပ်အိပ်မက်ထဲမှာ တိမ်တွေပေါ် ရောက်နေသကဲ့သို့ ဇိမ်ကျနေရော။...ဒါဟာ ဘဝမှာ မက်ဖူးသမျှထဲအကောင်းဆုံး အိပ်မက်ပဲ။

ကျုပ်အိပ်ခန်းထဲကထွက်လာတော့ ထမင်းစားပွဲတွင် ထိုင်နေသည်မှာ အဘတစ်ယောက်ထဲသာ..။ ဟင် ဒါဆို ဒေါက်တာကရော မနက်စာမစားဘူးလား... အစောကြီး..ဆေးခန်းသွားပြီလား။ သိချင်ဇောဖြင့်...

"အဘ ဟိုဒေါက်တာရော...''

ထိုအခါမှ မနက်စာငုံ့စားနေသည့် အဘက..

"မင်းမနိုးခင်ကပဲ... မိစံပယ်ခေါ်လို့ ရွာတောင်ပိုင်းလိုက်သွားတယ် သူ့အဖေ ကိုမြင့်စိန်ကြီးအသဲအသန်​​ဖြစ်လို့တဲ့...''

"ဟမ်... အသဲအသန်လူနာဆိုလည်း ကျန်းမာရေးမှူးကိုမပြောဘဲ ဘာ့ကြောင့် ကျုပ်ဒေါက်တာကိုလာခေါ်တာလဲ''

"ဘာကြီး.. မင်းဒေါက်တာဟုတ်လား..ဟိုတလောကပြောတော့ မင်းဒေါက်တာမဟုတ်ဘူးဆို...''

"ဟာဗျာ..အဘကတစ်မျိုး...''

"ဟေ..ငါလည်းဘာမှမလုပ်ရသေးပါဘူး...ဟာ ဟာ ဟေ့ကောင် မနက်စာမစားဘူးလားလို့ ...''

"မစားတော့ဘူးအဘရေ ကျုပ် ရွာတောင်ပိုင်းခဏသွားမယ်ဗျို့...''

ကောက်ခါငင်ခါနဲ့ ချက်ချင်းရွာတောင်ပိုင်းသို့ထသွားသော ဒေါနအား ကြည့်ရင်း သူကြီးဦးဘရောင် စဥ်းစားခန်းဖွင့်ရတော့မည်။

ဒီကောင် မိစံပယ်ကိုကြိုက်နေတာများလား...။ကျုပ်လောက်တောင်အဖြစ်မရှိတဲ့ ကျုပ်သားဒေါနအား မိစံပယ်က ပြန်ကြိုက်ပါ့မလား။အော်...ကြိုက်တော့လည်း ကျုပ်က လူကြီးပီပီတောင်းရမ်းပေးရမှာပေါ့ ။မကြိုက်တော့လည်း ရွာထိပ် ကိုသာလှ ​ငှက်ပျောခြံက ပင်စည်ကြီးကြီးမျိုးကောင်းကောင်း ငှက်ပျောတစ်ပင် ကြိုစရံသပ်ထားရုံပေါ့။ကိုင်း...ဒီလို ရှေ့ရေးကိုကြိုတွက်ချက်တတ်တဲ့ ကျုပ်လိုဖခင်မျိုး ဒီဇမ္ဘူမှာရှာ​ကြည့်စမ်းဗျာ...။

ကရောသောပါးနှင့် ရွာတောင်ပိုင်းသို့ အသော့နှင်လာသည်မှာ ခုဆို မိစံပယ်တို့အိမ်ရှေ့ဝိုင်းဝမှာ ဒေါနတစ်ယောက် မတ်တပ်ကြီး....။

ကျွန်တော့်ယောကျ်ား သူကြီးသား...Wo Geschichten leben. Entdecke jetzt