အပိုင်း ၃၀ (ဇာတ်သိမ်းပိုင်း...)

23K 1.4K 127
                                    

Unicode

ဘာလိုလိုနဲ့ ဒေါက်တာ မြို့တက်သွားတာ နှစ်ပတ်တောင်ရှိခဲ့ပြီ။ကျုပ်ဖြင့် ဒေါက်တာ့ကိုလွမ်းတဲ့စိတ်ကြောင့် အိပ်ယာခင်းတွေဆို ညတိုင်း စိုရွှဲကုန်တာ(မျက်ရည်တွေ မျက်ရည်တွေ)။ကျုပ်မှာ စားလည်း ဒေါက်တာ၊ သွားလည်းဒေါက်တာ၊ ရေချိုးလည်းဒေါက်တာ၊ အီးပါလည်းဒေါက်တာ၊
ရင်ခုန်သံတောင် ဒုတ်ဒုတ် ဒုတ်ဒုတ် ကနေ ဒေါက်ဒေါက် ဒေါက်ဒေါက်လို့ ပြောင်းမြည်ကုန်ပြီ။

"ဟေ့ ဒေါနရေ ...''

"ဘာတုန်းအဘရာ ကျုပ်ဒီမှာ ဆွေးနေတာကို...''

"ဟေ ငါလည်းအဲ့ဆွေးနေတဲ့လူကိုပဲအရေးကြီးတာ လာအသိပေးတာ''

"ဘာတုန်းဗျာ ကျုပ်အတွက်တော့ ဒေါက်ဒေါက်လောက်ဘယ်အရာမှအရေးမကြီးဘူး...''

" အံမယ်လေး ...ဒေါက်​ဒေါက်ဆိုပဲ။ အမြင်ကပ်စရာကောင်းအောင်ခေါ်နေတယ်...။ငါလည်း အဲ့ဒေါက်ဒေါက် ရွာပြန်ရောက်ပြီဆိုတာလာပြောတာပဲ...။ အဲ့တာခု ရွာဦးကျောင်းမှာ ဆရာတော်ဘုရားကို ရောက်ရောက်ချင်းအရင်ဦးခိုက်နေတယ် အဲ့တာ...ဟာ ဟေ့ကောင် ငါ့စကားမဆုံးသေးဘူးလို့ ဒီမအေဘေး...''

သူကြီးဦးဘရောင်၏ စကားမဆုံးခင်ပင် ဒေါနတို့ ရေးကြီးသုတ်ဖြာ ရွာဦးကျောင်းသို့အပြေးအလွှားသွားလေပြီ။

အမောတကောနဲ့ ပြေးလာသည်မှာ ဝတ်ထားသည့် မြင်းခေါင်းစွပ်ကျယ်မှာလည်း ချွေးတွေရွှဲလို့အသားနှင့်တောင် တစ်ညီထဲကပ်နေ၏။ခြေထောက်ကြည့်တော့လည်း ကတ္တီပါဖိနပ်အနက်ရောင်အား ညာခြေတွင်စီးထား၍ သဲ​​ကြိုးပြာနဲ့ဆင်ကြယ်ဖိနပ် အဖြူလေးမှာ ဘယ်ခြေတွင် ကျကျနနနေရာယူထား၏။ ပုဆိုးမှာလည်း ဒူးခေါင်းနားအထိ တိုတိုတုတ်တုတ်ဝတ်ထားသည်မှာ ဖရိုမရဲနှင့်။ သို့သော်ဘယ်လိုနေနေ ဒေါနရောင်မှာ စောက်ချောကြီးဖြစ်သည်။

ကျောင်းပေါ်အမောတကောပြေးတက်လို့ ဆရာတော်အား ဦးနှစ်ကြိမ်တိုက်ကာ ဒေါက်တာ့အားရှာနေပြန်သည်။

"ဟဲ့.... ငဒေါန ငါ့လည်း ဦးသုံးကြိမ်ပြည့်အောင်ချပါဦး နှစ်ကြိမ်တည်းချပြီး ကပ်စေးနဲလိုက်တာ....''

ကျွန်တော့်ယောကျ်ား သူကြီးသား...Donde viven las historias. Descúbrelo ahora