အပိုင်း ၂၀ (စတော်ဘယ်ရီယိုဖြေရှင်းခန်း...)

18.3K 1.3K 85
                                    

Unicode

မနက်မျက်လုံးနှစ်လုံးဖွင့်လို့ နိုးလာသည်နှင့် ပထမဦးစွာခံစားရသည်က ခါးတစ်လျှောက်နာကျင်မှု...။

"အာ့....''

အာ့ဟု ညည်းတွားမိပြီးကာမှ ကိုယ်ရောက်နေသည့်နေရာမှာ ဒေါက်တာ့ရင်ခွင်ထဲဝယ်...ဘုရားဘုရားဒေါက်တာက အက်ျီမပါပါလား အရှက်မဲ့လိုက်တာ။

ဒေါက်တာ့အား အတွေးထဲတွင် ဝေဖန်လေကန်နေရင်း စောင်အောက်ထဲက ကိုယ့်ခန္ဓာကိုယ် ကိုကိုယ်စမ်းကြည့်မိသောအခါ...။

အား......ကျုပ်က ဖင်တုံးလုံးနဲ့ပါလား...။ဒေါနကြောက်အားလန့်အားဖြင့် ဘေးနားရှိ ဒေါက်တာ့ကိုပါ အားနဲ့ ကုတင်ပေါ်က ကန်ချလိုက်သည်။

အိပ်မက်ထဲတွင် ကုတင်ပေါ်က ပြုတ်ကျသည်ဟု မက်နေကာ အသည်းအသန်မျက်လုံးထဖွင့်ကြည့်လိုက်တော့ တကယ်လည်း ကုတင်အောက်ကိုကျနေတာဗျား။

နာသွားသော ခါးအားအသာဖိကိုင်လို့ ကုတင်ပေါ်ရှိချစ်ရသူလေးအား လှမ်းကြည့်လိုက်တော့ ...။ကျွန်တော့်အား မျက်လုံးစိမ်းကြီးဖြင့် ပြန်စိုက်ကြည့်လာသောဒေါန....။

"ခင်.. ခင်ဗျား ကျုပ်ကို ဘာလို့ ဖင်တုံးလုံးနဲ့ ထားတာလဲ...''

ဟုတ်သား...။ညက နှစ်ယောက်စလုံး အင်တိုက်အားတိုက်ပင်ပန်းသွားသဖြင့် ကျွန်တော့်ကိုယ်တွင်သာ ဘောင်းဘီတစ်ထည်ကောက်စွပ်လို့ သူလေးအား သန့်ရှင်းရေးလုပ်ဆေးထည့်ပေးပြီးသည်နှင့် အဝတ်အစားမဝတ်ပေးဘဲ ရင်ခွင်ထဲ၌ ထည့်ကာသိပ်ရင်း ရင်ငွေ့နွေးနွေးအား ခိုလှုံစေခဲ့မိပါ၏။

ဒါကိုပင် မကျေမနပ်ဖြင့်နိုးလာသည့်ဒင်းလေးက ကျွန်တော့အား သူ့ကို ဖင်ပြောင်ခိုင်းမှုဖြင့် ဒေါခွီးလေပြီ။ ဘယ်တတ်နိုင်မလဲ မပြေမချင်းချော့ရုံပေါ့ဗျာ။ကုတင်ပေါ်ပြန်တိုးတက်၍ ချစ်ရသူ၏ ခန္ဓာကိုယ်ခပ်ထွားထွားလေးအား မနိုင်တနိုင်ပေါင်ပေါ်အသာပွေ့တင်သည်ကို ဒင်းလေးက ရှက်ရုန်းရုန်းနေသေးတာ...။ဒီလိုနဲ့ ကျွန်တော်က ချုပ်သူက ရုန်းနဲ့ နောက်ဆုံး ငြိမ်ကျသွားသူမှာ သူပင်။အဟွန်း!လိမ်မာချင်တဲ့ ကလေးက သက်သက်မဲ့ဆိုးနေတာ...။

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now