အပိုင်း ၁၂(ဥကွဲပြီ...💔)

19.7K 1.7K 93
                                    

Unicode

နက်ဖြန်ဆိုလျှင်ပဲ သီတင်းကျွတ်လပြည့်နေ့ရောက်တော့မည်။ဒေါနကကျနော့်အား ယခုထက်ထိစိတ်ဆိုးမပြေသေးပါ။ ကျနော်သည်လည်း ကျနော်ပါပဲ ​စိတ်ဆိုးနေလို့ချော့ပါတယ်ဆို အမှုတိုးအောင် နမ်းပါနမ်းလိုက်မိသေးသည်မဟုတ်လား။အသဲယားလို့နမ်းလိုက်မိသည့် ကိုယ့်နှုတ်သီးကိုယ်တောင် ဝရိန်ဆော်ထားလိုက်ချင်ပါ၏။

သို့ပေမယ့် ကိစ္စမရှိပါ။ ဒေါန သူငယ်ချင်း သူရတို့စံပတို့နှင့်တိုင်ပင်၍ စိတ်ဆိုးနေသည့် ဒေါနအား လပြည့်နေ့ကျ ချော့ရန် ပလန်ကြိုချထားပြီးပြီဖြစ်သည်။သူရတို့စံပတို့နဲ့ဘယ်လိုခင်သလဲမမေးနဲ့ ကျနော်က သူရိန်ရှင်းနောင်လေဗျာ...။

တစ်ဖက်တွင်လည်း.....
ကျုပ်ဒေါက်တာ့ကိုစိတ်ဆိုးနေတာ အတော်ပင်ကြာပြီဖြစ်သည်။ အဖြေပေးဖို့ကလည်း ​ရက်အနည်းငယ်သာကျန်ပါတော့သည်။သူ့ဖာသာသူ ဘယ်နှရက်နေနေ စိတ်ဆိုးမပြေမချင်း လုံးဝအဖြေမပေးပါ။

ဒီနေ့အဘအကို ဦးဘအောင်က ကျုပ်အား ပေးစရာရှိသည် လာခဲ့ပါဆို၍ မိစံပယ်တို့ရွာတောင်ပိုင်းကို ခြေချရအုံးမည်။ အဘအမျိုးတွေကလည်း ဒီလောက်နေစရာအရပ်တွေများပါရက်နဲ့ ဘာကြောင့်များ ရွာတောင်ပိုင်းတွင်မှ တစ်ပြုံကြီးရွေးနေရပါသနည်း။

ဘာပဲဖြစ်ဖြစ် ယခုသွားမည်က အမျိုးအိမ်ဖြစ်သည့်အတွက် လှလှပပတော့ဝတ်စားသွားသင့်သည်မဟုတ်လား။ကော့ကြော့နေအောင် မီးပူတိုက်ထားသည့် စတစ်ကော်လန်အဖြူအား အောက်က ဦးဂျမ်းပုဆိုး အပြာကွက်ကလေးဖြင့် တွဲဝတ်ထားသည်မှာ ပြောမယ့်သာပြောတာ ကျုပ်က အတော်ခန့်တာဗျ။အဲ ခုမှသတိရတယ် ကျုပ်မှာ စီးစရာဆိုလို့ ရာဘာဖိနပ်ပဲရှိတာလေ။ ဒါတောင် ခေါင်က ကျွတ်ကျွတ်ထွက်နေလို့ ​စီးရင်းနဲ့ပြန်ထိုးထည့်ထားရတာ..။

အဘက ကျုပ်ကို အပြင်ဝတ်အက်ျီတော့ ​လေးငါးစုံလောက်ဝယ်ပေးပါရဲ့။ ဖိနပ်ကျ ခုစီးနေတဲ့ တစ်ရံပျက်မှအသစ်ရမယ်တဲ့လေ။ခုချိန်လှီးဖြတ်ပြီးအသစ်ဝယ်ခိုင်းရအောင်လည်း အချိန်က လင့်အုံးမယ်။ အဘလည်းအိမ်မှာမရှိသဖြင့် မထူးပါဘူးလေ အဘရဲ့ ကတ္တီပါဖိနပ်ထုတ်စီးသွားရမယ် ဒါမှ ကျုပ်ရဲ့ ချောမောမှုအဂ်ါရပ်တွေက ပြည့်စုံမှာ...။

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now