အပိုင်း ၃(ချစ်မိပြီ...)

26.3K 2.2K 174
                                    

Unicode

"ဟေ့ ဒေါနလာပါအုံးကွာ အဘကိုနှိပ်ပေးစမ်းလူလေးရယ် မနက်အစောထပြီး ရွာပတ်လျှောက်လိုက်တာ ခြေထောက်တွေ ကိုက်နေရောပဲ...''

" အဘက ဘာလို့ ရွာပတ်လျှောက်တာလဲ..''

"အော်..တယ်လီဗေးရှင်းထဲကလို စောစောအိပ်လို့စောစော ထလို့ စောစောလမ်းလျှောက်ကြပါစို့လေကွာ..''

"ခုတော့ စောစောခြေထောက်ကိုက်ကြပါစို့ဖြစ်နေပြီမလား''

" မင်းကလည်းကွာ အတော်အရစ်ရှည်တာ လုပ်စမ်းပါ နှိပ်စမ်းပါ''

" ဒါနဲ့ အဘ မက်စ်ပလက်ကိုတွေ့မိသေးလား ကျုပ်ရှာတာနှံ့နေပြီမတွေ့ဘူး''

" ကုန်သွားပြီနေမှာပေါ့ ကိုကာကိုလာဝယ်သောက်လိုက်လေ နှိပ်စမ်းပါဆို စကားအတော်များတာပဲ မင်း''

"ဟာ..အဘကလည်း မက်စ်ပလက်ဆိုတာ အိမ်အောက်က ခွေးမလေးကို ကျုပ်ဗိုလ်ဆန်ဆန်ပေးထားတဲ့နာမည်ဗျ  ​​နေအုံး ကျုပ်ထွက်ရှာပါအုံးမယ် အဲ့တာ အဘ လိမ်လိမ်မာမာ အိမ်စောင့်နေခဲ့နော်....မိုးမချုပ်ခင်ပြန်ခဲ့မယ်''

ပြောချင်ရာပြောပြီးထွက်သွားသော သားဖြစ်သူ၏ ကျောပြင်ငယ်အားတစ်စိမ့်စိမ့်ကြည့်ကာ တစ်ရိပ်ရိပ်တက်လာသောဒေါသနှင့်အညီအော်ပြောလိုက်သည်ကား....

"ဒီမအေဘေး....မင်း ပြန်လာရဲပြန်လာကြည့်စမ်း ထိပ်တုံးပဲ ခြေထောက်ကိုက်လို့ပါဆို အားကိုးလို့ကိုမရဘူး မွေးရကျိုးမနပ်တဲ့ကောင်''

ဒေါနအဘအား မနှိပ်ချင်၍ သက်သက်အကျင့်ယုတ်ကာ အိမ်ကထွက်လာသော်လည်း ဘယ်သွားရမှန်းမသိ။ သူရတို့စံပတို့ကလည်း  မြို့တက်သွားတာ ပြန်မရောက်သေးပေ။မထူးပါဘူးလေဆိုပြီးတက်ကြွသောခြေလှမ်းတို့ဖြင့်  ရွာဆေးပေးခန်းသို့သာ ဦးတည်ခဲ့သည်။

ဆေးပေးခန်းရောက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းမှာ ရင်ဝကိုစောင့်ကန်လိုက်သလိုပင် အမျိုးအမည်မသိခံစားချက်ကိုဖြစ်ပေါ်စေ၏။
ရွာတောင်ပိုင်းက ကွမ်းတောင်ကိုင်မစံပယ်သည် ဒေါက်တာသူရိန်ရှင်းနောင်၏ လက်အား မလွှတ်တမ်းကိုင်ထားပုံမှာ သောက်မြင်ကပ်စရာအလွန်ပင်ကောင်းလှသည်။ အမလေး...ဟိုဒေါက်တာကလည်း ဒီလောက်အကိုင်ခံနေရတာတောင် ပြုံးလို့ချိုလို့ပါလား...

ကျွန်တော့်ယောကျ်ား သူကြီးသား...حيث تعيش القصص. اكتشف الآن