အပိုင်း ၁၉(🚨)

26.4K 1.6K 214
                                    

Unicode

A. Nဒီအပိုင်းမှာ warningအကြီးကြီးပေးပါတယ် ၁၈နှစ်ပြည့်ချင်ယောင်ဆောင်ပြီးဖတ်မယ့်သူတွေရော ပြည့်ပြီးလို့ဖတ်မယ့်သူတွေရောကို warningပေးပါတယ် မကြိုက်ရင် ကျော်ဖတ်သွားလို့ရပါတယ်...။

သရက်ပင်ပေါ်က မျောက်ကလေးအား ပွေ့ချီကာခေါ်လာပြီး အခန်းထဲရောက်သည်နှင့် ကျွန်တော့ မွေ့ယာထက်၌အသာအယာချပေးလိုက်သည်။ သူ့အပြစ်သူသိသည့် အဆိုးလေးမှာ ခုထက်ထိ ငုံံ့ထားသည့် ခေါင်းအား မော်ကြည့်မလာသေး။

"မောင် ကိုယ့်ကိုစိတ်ဆိုးအောင်လုပ်နေတာလား...ဘာကြောင့်သရက်ပင်ပေါ် တက်ဆော့ရသလဲကွာ...''

ကျွန်တော်စကားစသည်နှင့် ချက်ချင်းခေါင်းမော့ကာ ပတ်ခနဲ​ပြန်ပြောလာသည့်သူမှာ အပြစ်မလုပ်ထားသည့်သူပမာ။အဟန့်! ရဲတင်းလိုက်တာ...။

"ကျုပ်က သရက်သီးစားချင်လို့ပါ...ခင်ဗျားရဲ့ ခင်ဗျားပြောတော့ ကျုပ်ကို မပြစ်မမြင်ပါဘူးဆို လိမ်မယ်မကြံနဲ့ ဖိုးလုံးကသက်သေရှိတယ်နော်...''

ဟောဗျာ... သက်သေနဲ့တကွကျွန်တော့်အားပြောကာ ခေါင်းပြန်ငုံ့သွားပြန်သည်။ အပြစ်မတင်ဘူးပြောတာနဲ့ မဆူဘူးဆိုသည့် အဓိပ္ပါယ် မသက်ရောက်ပါဆိုတာကို ဒီကောင်လေးသိဖို့တော့လိုလာပြီ။ရွာမှာကတည်းက အဖေပါမကျန်တစ်ရွာလုံးအား ပတ်ဆိုးနေသည့်အဆိုးလေးအား အပြစ်ပေးမှဖြစ်တော့မည်။ကုတင်ပေါ်တွင်ကျွန်တော်တင်ပေးထားသည့်အတိုင်း မလှုပ်မရက်ကုပ်ကုပ်လေးထိုင်နေသည့်သူ့အနားသို့ ကျွန်တော်အသာတိုးကပ်သွားသည်နှင့် အလန့်တကြား ကျွန်တော့်အား မျက်လုံးဝိုင်းများဖြင့် မော့ကြည့်လာသူ။အဟက်!အကောင်လိုက်မြိုချထားမိမလားပဲ...။

"ဒေါက်..ဒေါက်တာ ဘာ..ဘာလို့ အဲ့လိုကြီး တိုး..တိုးလာတာလဲ..ကျုပ် မနေတတ်တော့ဘူးဗျ...''

အဟက်!သူလေးက စကားတွေပါထစ်သည်အထိ စိတ်လှုပ်ရှားတတ်သလား...။ ဘာပဲဖြစ်ဖြစ် သူလေးအား ဒီနေ့ နမ်းဖြစ်အောင်နမ်းပါမည်။ ဟုတ်သည်...နမ်းသည်ဆိုရုံမျှပမာဏပါပဲ...။

ယခုဆို သူနှင့်ကျွန်တော့်ရဲ့ နှုတ်ခမ်းနှစ်စုံကြားအကွာအဝေးသည် စင်တီမီတာအနည်းငယ်အကွာအဝေးတွင်ရှိနေပြီဖြစ်၏။သူ့ဝင်သက်ရှိုက်သက်နှင့် ကျွန်တော့ဆီမှထုတ်လွှတ်သည့် ဝင်သက်ရှိုက်သက်သည်တောင် အပြန်အလှန် ရင်းနှီးမှုရနေပြီဖြစ်သည့်အနေအထား..။

ကျွန်တော့်ယောကျ်ား သူကြီးသား...Where stories live. Discover now