အပိုင်း ၁(တွေ့ဆုံမှု)

45.1K 3K 392
                                    

unicode

" အမလေး..အဘရေ ... ဖြစ်မှဖြစ်ရလေ အဘရဲ့...''

" ဟေ့ကောင်ဒေါန အသံပြဲကြီးနဲ့အော်မနေစမ်းနဲ့ ..အရပ်က ကြားရင် ငါဘဝကူးသွားပြီ ထင်နေဦးမယ်...''

" အော်မှာပဲ.. အဘဘာလို့ ကျုပ်ကို ထိပ်တုံးခတ်လဲ သူကြီးသားဖြစ်ပြီးသူကြီးထိပ်တုံးခက်တာခံရတာ အမလေး....ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ....''

"ဟာ..တိတ်စမ်း ဟေ့ကောင်.. မင်းရော သူကြီးသားဖြစ်ပြီး သူများခြံက ကြက်ခိုးတာ ကြားလို့ကောင်းသလား ဟမ်...မသိရင် ငါက မကျွေးမမွေးလို့ ခိုးစားနေရတဲ့ပုံ ဖြစ်မနေဘူးလား...''

" အဘကလည်း ခိုးစားတဲ့ကြက်ကမှ ပိုအရသာရှိတာကို မသိလည်း မသိဘဲနဲ့...အီးဟီးး အမလေး အဘရေ အဘရဲ့''

" ဟာ.. ဒီမအေဘေး....''

🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵

ရ​ဝေကုန်း ရွာကလေးသို့ ကျွန်တော် တာဝန်ကျဖြင့်မနက်အစော ရောက်လာခဲ့သည်။တစ်ညတာလုံးကားစီးလာရသဖြင့် လူက ပင်ပန်းမှုကြောင့် ခေါင်းနောက်နေသည်မှာအမှန်ပင်။

ရွာကလေးသည် မြို့ပြနှင့် အလွန်ဝေးလံသော အရပ်တွင်တည်ရှိ၍ ငှက်ကလေးများ၏ ပိကျိပိကျိ​အော်သံညံညံတို့မှာ သာယာနာပျော်ဖွယ်စိတ်ကို ကြည်လင်​စေ၏။ ရွာသို့ ဝင်ဝင်ချင်းပင် မြို့မှာကဲ့သို့ မွန်းကြပ်မနေဘဲ သဘာဝ၏လေကိုရှုရှိုက်ရသဖြင့် ၂၇နှစ်တာ ပင်ပန်းခဲ့သမျှ စိတ်အပန်းကိုပြေသွားသယောင်ရှိ၏။

​ဟော...ပြောရင်းဆိုရင်းနဲ့ ရွာက အကြိုလွှတ်လိုက်သည့် သူလာပြီထင်ရဲ့။ ထိုသူနှင့်အတူ တည်းရမည့် ရွာသူကြီး ဦးဘရောင်အိမ်သို့အထုတ်နှစ်ထုတ်အား နွားလှည်း​​ပေါ်အသာမတင်ကာ ထိုလူမောင်နှင်ရာသို့ ဦးတည်ခဲ့သည်။

" သူကြီးရေ ဗျို့သူကြီး... ဒီမှာ မြို့က ဒေါက်တာလေးကို ကြိုလာပြီဗျ... ကျုပ်ဆရာလေးကိုထားခဲ့ပြီနော့်...''

သူကြီးအားအော်ခေါ်​ပြီး အ​ကျိုးအကြောင်းပြောပြီးသည်နှင့် ထိုသူမှာကျနော့်အားနှုတ်ဆက်ကာ လှည့်ပြန်သွားသည်မှာ နှုတ်ဆက်ချိန်တောင် မမှီလိုက်။

ကျွန်တော့်ယောကျ်ား သူကြီးသား...Donde viven las historias. Descúbrelo ahora