"ရှဲ...ရှဲ..."
မှန်တွေဖြင့်ဆောက်လုပ်ထားသော ရေချိုးခန်း၌ လူသားတဦးဟာ စိမ်ပြေနပြေရေချိုးနေသည်။ခနအကြာ ရေချိုးခန်းထဲမှာထွက်လာသည့်ထိုလူသားရဲ့ခန္ဓာကိုယ်ဟာ ရေသီးများတွဲခိုနေပြီး အားကစားလုပ်ထားတာကြောင့်ရင်အုံအောက်တွင် တည်ရှိနေသော ကြွက်သားအမြောင်းလိုက်က မိန်းမများဆွဲမက်စရာ။ထိုကြွက်သားရဲ့အောက်မှာVပုံသဏ္ဌန်ခါးရိုးနှင့် ခြေထောက်ကြွက်သားများက ခြုံငုံပြောရမည်ဆို တကယ့်နတ်ဘုရားအလားပင် စွဲမက်စရာကောင်းသည်။
Bee...Bee
အောက်ပိုင်းအားသပတ်ဖြူဖြင့်ပတ်ကာ အိပ်ယာပေါ်ရှိမည်ေနေသာဖုန်းကို ကင်မ်ထယ်ေယာင်း ကောက်ကိုင်လိုက်ပြီး...။
"Hello"
"Boss အကိုလေးက သူ့ကိုBossလာမကြိုမချင်းမပြန်ဘူးတဲ့Boss"
"ဘာ ဖုန်းပေးလိုက်"
တဖက်လူက ထိုအကိုလေးဆိုသူအားဖုန်းပေးလိုက်သည်နှင့်။
"အူဝါးးး ဗြဲ ကိုကြီးလာကြိုမယ်ပြောပြီးတော့ဗျာ"
"ဂျီမင်း မဆိုးနဲ့စမ်း ဒီနေ့ကိုကြီးအလုပ်မအားလို့ပါကွာ ခေါ်ခိုင်းတဲ့လူနဲ့ဘဲပြန်လာခဲ့!"
"ကိုကြီးနော် ကတိလည်းမတည်ဘူး ကျွန်တော်ကစောင့်နေတာကို ဟွန့်"
"ကိုကြီးတောင်းပန်ပါတယ် ညီညီရယ် အခုတော့ လာကြိုခိုင်းတဲ့လူနဲ့ပြန်လာခဲ့နော် ကိုကြီးညီညီတွက် မုန့်တွေအများကြီး၀ယ်ထားတယ်"
"ရေးးးအဲ့ဆိုလည်းပြီးရော ပြန်လာပြီ တီ...တီ"(ဖုန်းချသံ)
ကိုကြီးက တစ်ခါတလေ စိတ်ကူးပေါက်ရင် ဂျီမင်းအားညီညီလို့ခေါ်တတ်သည်။ ရှိတာမှညီအကိုလေးနှစ်ယောက်ထဲ ဖေဖေနှင့်မေမေက ထယ်ယောင်း17အရွယ်နှင့် ဂျီမင်း10နှစ်အရွယ်လောက်မှာ ကံဆိုးစွာဖြင့်ဆုံးရှာသည်။ ကံကြမ္မာက မျက်နှာသာပေးတယ်လို့ပြောရမလား အထက်တန်းပြီး သက္ကသိုလ်မတတ်ဘဲ ဖေဖေပိုင်သည့်companyအားဦးစီးပြီးစီးပွားရေးဘဲ ကြိုးစားလုပ်ခဲ့တာ အခုဆို ကင်မ်ထယ်ယောင်း ဆိုသည့်နည်မည်ကြားတာနှင့် မည်သူမှ လှန်မကြည့်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖစ်နေသည်။အခုလည်း LAကနေပြန်လာသောညီညီ့ကို သွားကြိုမယ်ပြောထားပြီးအလုပ်ကိစ္စတစ်ခုကြောင့် ကတိပျက်ခဲ့ရသည်။
YOU ARE READING
မောင်အရမ်းဆိုးတယ်ကွာ{ Complete }
Фанфикшн"အတိတ်ဘ၀ရဲ့ ပါရမီဖြည့်ဖက်က အခုဘ၀မှာ ကျုပ်အတွက်နတ်ဆိုးဘဲ ခင်ဗျားကိုကျုပ်မုန်းတယ်" "မောင်ကမုန်းလေ ကိုယ်ကချစ်လေဘဲ ကိုယ့်သဲငယ်လေးရဲ့" #ချမ်းချမ်း """''''''''"""""''""'"""""""""""""""""""""""" "အတိတ္ဘ၀ရဲ့ ပါရမီျဖၫ့္ဖက္က အခုဘ၀မွာ က်ဳပ္အတြက္နတ္ဆိုးဘဲ ခင္ဗ်...
